15

157 30 5
                                    

(Unicode)



'အင်း....ဟင်း...'

'နိုးပြီးလား ကောင်လေး...!'

အပေါ်ပိုင်းအကျီမဝတ်ထားသော Jong In ကိုနောက်ကျောမှ Jong In နီးတူအပေါ်ပိုင်းဗလာကျင်းဖြစ်နေသော Sehun မှJong In နားလေးကိုတိုးတိုးလေးကပ်မေးလာသည်...
Jong In ကိုအနောက်မှသိုင်းဖက်ထားသောကြောင့် Sehun ရင်ခွင်က Jong In ခန္ဓာကိုယ်တစ်ခုလုံးကိုလုံခြုံနေသလိုခံစားစေရသည်...Jong In ၏တစ်ယောက်အိမ်ကုတင်အသေးလေးက သူတို့နှစ်ယောက်အတွက်ကျယ်နေသည်ဟုတောင်ခံစားစေရသည်...

'ဟာ...ယားတယ်ကွ...!'

Jong In နောက်ကျောမှပခုံးပေါ်ကို ဖွဖွလေးနမ်းလိုက်သော Sehun ကိုတံတောင်ဖြင့်တွန်းထုတ်လိုက်ပြီး Sehun ဘက်သို့လှည့်ပြီးကြည့်လိုက်တော့ Jong In ကိုပြုံးပြလာသည်...ထိုအပြုံး...ထိုအပြုံး၏အဓိပ္ပါယ်ကို Jong In အသေအချာကြီးသိတာမို့ မျက်နှာတွေတောင်ပူလာသည်...

'မနေ့ညက.....'

'တော်...တော်တော့ Oh Sehun!..
မပြောလို့ရတယ်မလား...'

'ဘာလဲ...ဘာကိုအခုမှလာပြီးရှက်နေတာလဲ...လာစမ်းပါ...ဖက်ထားချင်လာပြီ...'

'ဟာ...ဟာ...ယား...ယားတယ်..အား...
ယားပါတယ်ဆို...'

Jong In ကိုကလိထိုးလာပြီး လိုက်နမ်းလာသည်မို့ Sehun နှင့် Jong In တို့
မနက်ခင်းလေးကသိပ်ကိုလှပပြည့်စုံသွားပြီ...

.-.-.-.

'ကဲ..ထတော့...နေဖင်ထိုးနေပြီ...!
မနက်စာမစားဘူးလား...!'

'ခုနကစားပြီးပြီလေ...'

'Oh Sehun!!!'

Jong In တောင်ရေမိုးချိုးပြီး ထွက်လာပြီးအခုထိအိပ်ယာမှမထသေးသော Sehun မှမထသေးသည့်အပြင်ရွှံ့နောက်နောက်တွေပြောလာပြန်သည်...

.....

'ရော့...ထည့်စားဦး...'

Jong In မနက်စာအနေနဲ့ရေခဲသေတ္တာထဲရှိသော အမဲသားလေးတွေကိုဝိုင်နီလေးနဲ့နှက်လိုက်ပြီး ထမင်းကြော်လိုက်သည်...

'မင်းဟာက..လိုက်လည်းမလိုက်ဘူး...'

'အ့ဆိုမစားနဲ့...'

'အင်းလေ...ငါကမင်းကိုဘဲစားချင်တာ..'

'အထိုးခံချင်နေတာလား...!'

PAST LIVES(uni&zg)Where stories live. Discover now