23 Final Part

752 43 7
                                    

(U)
လက်မောင်းကထုံကျင်နေတာမို့ ဆယ်ဟွန်းမျက်လုံးကိုဖွင့်ကြည့်မိတော့ ရင်ခွင်ထဲကGeက သူ့လက်မောင်းကိုခေါင်းအုံးပြီး အိပ်နေတာများ ကလေးလေးကြလို့။
ဒါကSundayမနက်ခင်းတိုင်းရဲ့ကြည်နူးမူအခိုက်အတန့်လေး ကျွန်တော်ကလက်မောင်းတွေထုံကျင်တဲ့ထိ Geကိုရင်ခွင်ထဲပွေ့ဖက်ထားမယ်။ Geကကျွန်တော့လက်မောင်းကိုခေါင်းအုံးပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်နေမယ်။

နှုတ်ခမ်းလေးကိုထိရုံလေးနမ်းလိုက်တော့ မပွင့်သေးတဲ့မျက်လုံးလေးတွေက မျက်ခွံလေးလှုပ်ရုံ လှုပ်ခတ်လာတယ်
တကယ်မနိုးဘူးပဲ ကိုယ့်ကလေးလေးက။

ထပ်ပြီးပါးလေးကိုဖိနမ်းလိုက်တော့ ဟင်း!!ဆိုပြီး
ရင်ဘတ်ကိုလက်နဲ့ရိုက်လာလေရဲ့ ဘာလုပ်လုပ်ချစ်ဖို့ကောင်းနေတာကတော့မဟုတ်သေးပါဘူး။ ဘာလို့အရာရာတိုင်းကချစ်စရာကောင်းနေရတာလဲ။ ကျွန်တော်ကပဲချစ်လွန်းလို့ဘာလုပ်လုပ်ကျေနပ်မိနေတာဖြစ်မယ်။

" ကလေးလေး ကိုယ့်ရဲ့ကလေးလေး "

နားနားလေးကပ်ပြီးတိုးတိုးလေးခေါ်တော့ ခေါင်းလေးကိုစောင်းပြီးကိုယ်လေးကိုကျုံ့တယ်။

" အင်း "

"ထတော့လေ ဒီနေ့ကိုယ်တို့လက်ထပ်တာ6လပြည့်မလား။
ကိုယ်တို့အပြင်သွားကြရအောင်လေ မနေ့ကပြောတော့ကစားကွင်းသွားချင်တာဆို "

ကစားကွင်းလို့အသံကြားတော့မျက်လုံးကဖျက်ခနဲပွင့်လာလေရဲ့ ထပြီလားဆိုတော့မထသေးဘူး ရင်ခွင်ထဲအတင်းတိုးဝင်နေတာ။

" ငါးမိနစ် ဖက်ထားအုံးမယ် ခဏလေး "

"ဟုတ်ပါပြီ ဗျာ "

1min

2min

3min

4min

5min

"ထတော့ ထတော့ Luhannieကလိမ်မာတယ် "

နဖူးကိုနမ်းပြီး ကျွန်တော်အိပ်ယာပေါ်ကဆင်းပြီးမတ်တပ်ရပ်တဲ့ထိ သူ့ရဲ့လှုပ်ရှားမူကိုမခံစားရသေး။
နောက်လှည့်ကြည့်တော့စောင်ပုံထဲ ငုတ်တုတ်ထိုင်ပြီးကျွန်တော့ကိုမော့ကြည့်နေလေရဲ့။

ဘာလဲဆိုပြီး မေးဆတ်ပြတော့ လက်နှစ်ဖက်ကိုဆန့်တန်းပေးတယ် ချီပါပေါ့သူ့ကို ဒီဂျပုဒီနေ့အတော်ရစ်နေတာပဲ။

GeGe( Complete)Where stories live. Discover now