နေကသိပ်မကောင်းသေးတော့အပြင်ခေါ်ရမှာနည်းနည်း
စိုးရိမ်တယ်။"Geနွားနို့သောက်လေ ကျွန်တော်ပေါင်မုန့်ကြော်ပေး
ထားတာကစားမကောင်းလို့လား ဘာထပ်လုပ်ပေးရမလဲ
Geဘာစားချင်လဲ"စားလို့ရရုံသာရတဲ့ကိုယ့်လက်ရာအခြေအနေကိုကိုယ်သိတာမို့နေမကောင်းလို့ပါးစပ်ပျက်နေတဲ့သူအတွက်ခံတွင်းသေချာပေါက်မတွေ့နေမှာသေချာ။
အလယ်တန်းလောက်ကမာမီပို့တဲ့ဟင်းချက်သင်တန်းကို
မတက်ခဲ့မိတာနောင်တအခုမှရတယ်။
သူသာတက်ခဲ့ရင်Geနေမကောင်းဖြစ်နေချိန်ဖွယ်ဖွယ်ရာရာချက်ကျွေးလို့ရနေမှာ။"နေကသိပ်မကောင်းသေးဘူးထင်တယ်
ကျွန်တော်ဘာလုပ်ပေးရမလဲအလုပ်ဖျက်လိုက်ရမလား
စားရတာကောအဆင်ပြေလား""ရပါတယ် ဆယ်ဟွန်းရဲ့ စားကောင်းတယ်
Geကကောင်းနေပါပြီကိုယ်လေးနွေးရုံပဲကျန်တာ""........"
"စိတ်မပူပါနဲ့ကောင်းနေပါပြီဆို ဆယ်ဟွန်းကလဲ"
"ဟုတ်ပါပြီ တစ်ခုခုနေမကောင်းတာရှိရင်
ကျွန်တော့ကိုချက်ခြင်းဖုန်းဆက်နော်ကြားလား""အင်း"
"ဒါနဲ့Geအဆင်ပြေရင်ည6ခွဲလောက်ကြရင်
ကျွန်တော်ချန်းယောလ်ကိုလာကြိုခိုင်းလိုက်မယ်။
အဝတ်အစားလေးလဲပြီးထွက်ခဲ့ ဝတ်ရမယ့်အဝတ်အစားတွေကျွန်တော်ဗီရိုညာဘက်အခြမ်းမှာချိတ်ပေးထားတယ်""......"
"တကယ်လို့နေလို့အဆင်မပြေဘူးမလာလို့ရလား
လို့ပြောချင်ရင်6ခွဲမတိုင်ခင်ကျွန်တော့ကို
ဖုန်းဆက်နော်Geကြားလား""အင်း"
"အဲ့ဆိုကျွန်တော်အလုပ်သွားပြီ
အနမ်းပေးပါအုံး"ထိကပ်ရုံလေးကပ်လာတဲ့ နှုတ်ခမ်းသားလေးက
်ခပ်နွေးနွေးလေး။
ဒီအနွေးဓာတ်ကလေးကတနေ့တာဖြတ်သန်းဖို့
အားအင်တွေအများကြီးဖြစ်စေတာဆိုရင်အပိုမဟုတ်ဘူး
ယုံလိုက်။"ထားသာထားခဲ့ရတာစိတ်ကမချဘူး"
"ငါကလေးမဟုတ်ပါဘူးကွာ သွားပါအလုပ်ကို
စိတ်ဖြောင့်ဖြောင့်နဲ့ အိမ်မှာအဒေါ်ကြီးလဲရှိတာပဲ"