7

806 110 24
                                    


အိုဆယ်ဟွန်းရဲ့ရိသဲ့သဲ့ဖလစ်တာတွေမခံစားနိုင်လို့
မင်းဘော်တွန်မလားလို့စလိုက်တာလေးရက်ရှိပြီ
ကျွန်တော့ကိုစကားမပြောတာ

အစကတော့နားညီးသက်သာတယ်ဆိုပြီး
ပျော်နေသေးပေမယ့်အခုတော့သူ့ကိုသနားတောင်လာတယ်

လူကိုငေးတေးတေးကြည့်လိုက်ခေါင်းခါလိုက်
အခန်းထဲပြန်ဝင်သွားလိူက်အလုပ်လုပ်နေတဲ့လူကို
မတ်တပ်ရပ်ပြီးကြည့်လိုက်ခေါင်းကုတ်ပြန်ဝင်သွားလိုက်နဲ့
တစ်ယောက်တည်းကိုဘယ်လိုဖြစ်နေမှန်းမသိ

အခုလဲမနက်7နာရီထိုးနေပြီရုံးသွားဖို့ကို
အခုထိဆင်းလာပြီးမနက်စာမစားသေးဘူး
မနိုးသေးတာလားဘာဖြစ်နေတာလဲ
သွားတက်ကြည့်ရမယ်

"ဆယ်ဟွန်း ဆယ်ဟွန်းနီ"

"......."

"အိုဆယ်ဟွန်း ရုံးမသွားဘူးလားမင်း!!"

တံခါးရှေ့မှာသာအော်နေတာအထဲကဘာသံမှမကြား

"အိုဆယ် ဘုရား!!!!"

နာမည်တောင်ဆုံးအောင်မခေါ်ရသေး
ရုတ်တရက်တံခါးဖွင့်လာပြီးလက်ကိုဆောင့်ဆွဲနံရံမှာ
ကပ်လိုက်တာများကျောတောင်အောင့်ခနဲဖြစ်သွားတယ်

"အိုဆယ်ဟွန်း ဘာလုပ်ပြန်ပြီလဲအခု"

"...."

"ဘာလုပ်တာလဲလို့ Geမေးနေတာလေ"

"တကယ်လား"

"ဟင်"

ဘာကိုတကယ်လားလဲ?

"ကျွန်တော်geဆီဘော်တွန်ရင်
geကျွန်တော့ကောင်လေးလုပ်ပေးမှာဆိုတာ
တကယ်လားလို့"

ဘုရား!!!ဒီကောင်လေးသူစလိုက်တာကို
အတည်မှတ်သွားတာပေါ့?

ဒါဆိုဒီရက်ပိုင်းအူကြောင်ကြောင်လုပ်နေတာလဲ
ဒီကိစ္စကြောင့်လား

ငါအူတက်သေတော့မှာပဲအိုဆယ်ဟွန်းရယ်

"ဘာရယ်နေတာလဲ"

"ဘာမှမဟုတ်ဘူးဖယ်တော့မနက်စာစားမယ်
ဆင်းကြမယ်အောက်ထပ်"

"မဖယ်ဘူး!!ကျွန်တော်မေးတာဖြေအုံး"

"ဘာကိုလဲ ဆယ်ဟွန်းရယ်"

"ကျွန်တော်သဘောတူမှာမို့
ကျွန်တော့ကိုပြန်ကြိုက်"

GeGe( Complete)Where stories live. Discover now