10

738 87 39
                                    


"အိုဆယ်ဟွန်း!!!"

"Ge မဟုတ်ဘူး မဟုတ်ဘူးနော်"

"မင်းကငါ့ကိုအပေါစားလိုသတ်မှတ်နေတာပဲ
ဟက်!!!"

"ကျွန်တော်ရှင်းပြတာကိုနားထောင်ပါအုံး
Geရယ်နော်"

"မင်းနိုင်စားချင်တိုင်းနိုင်စားနေရအောင်
ငါမိန်းကလေးမဟုတ်ဘူးအိုဆယ်ဟွန်းရဲ့
မင်းလိုပဲယောကျာ်းလေးမင်းနားလည်လား"

"......."

"ငါ့သိက္ခာကိုမငဲ့တဲ့မင်းကမုန်းစရာကောင်းတယ်"

Geကသူ့ကိုမုန်းတယ်  မုန်းတယ်တဲ့လား
ဒီစကားလေးနှစ်ခွန်းကရင်တွေ
စုတ်ပြတ်ရလောက်အောင်နာလိုက်တာ

လှည့်ထွက်သွားတဲ့ကျောပြင်သေးသေးလေးက
သူ့ကိုကျောခိုင်းရက်လိုက်တာ

"Ge!!!! ကျွန်တော့ကိုမထားခဲ့ပါနဲ့
Ge!!!Luhan Ge!!ကျွန်တော်တောင်းပန်ပါတယ်"

"Ge!!!!!!!"

အလန့်တကြားမျက်လုံးဖွင့်လိုက်တော့မှောင်မဲနေတဲ့အခန်း
အဲကွန်းလေချမ်းစိမ့်စိမ့်ကတောင်မတိုးရလောက်အောင်
ချွေးတွေရွဲနေလေရဲ့  သူအိမ်မက်မက်နေတာလား

တော်ပါသေးရဲ့အိမ်မက်ပဲ
ကျေးဇူးတင်လိုက်တာအိမ်မက်ဖြစ်ပေးလို့

"Ge!! Luhan Geကိုသွားကြည့်ရမယ်"

အပေါ်ကနေတထိတ်တလန့်နဲ့Geအခန်းဆီပြေးပြီး
တဒုန်းဒုန်းထုမိတဲ့အထိသူလန့်နေပြီ
သူGeရဲ့မျက်နှာလေးကိုမြင်ရမှဖြစ်မယ်ထင်တယ်။

...........

အခန်းတံခါးကိုတဒုန်းဒုန်းထုပြီး
Geလို့ဒီလိုညနက်ကြီးလာအော်ခေါ်နေတာ
ဆယ်ဟွန်းဘာဖြစ်လို့လဲ

တံခါးကိုဆွဲဖွင့်လိုက်တာနဲ့သူ့ကိုရင်ခွင်ထဲ
ဆွဲဖက်လိုက်တဲ့အိုဆယ်ဟွန်း
ဒီကောင်လေးဘာဖြစ်လာတာလဲ
ချွေးတွေလဲရွဲလို့

"ဆယ်ဟွန်းနီ"

"ထွက်သွားပြီထင်တာ"

"ဟင်"

"တကယ်မုန်းသွားပြီထင်လို့
လန့်သွားတာGeရယ်"

ကယောင်ကတမ်းနဲ့ဘာတွေပြောနေတာလဲ
အိမ်မက်မက်လာတာလား

GeGe( Complete)Where stories live. Discover now