13

636 74 20
                                    

အိပ်ရာကနိုးလာတော့ဘေးနားမှာဆယ်ဟွန်းကမရှိ
ဖုန်းကိုယူပြီးနာရီကိုကြည့်တော့7နာရီခွဲနေပြီ
ဒုက္ခပါပဲရုံးသွားမယ့်ဆယ်ဟွန်းကို
မနက်စာပြင်ပေးရအုံးမှာ

ဆက်ကနဲအိပ်ယာကထလိုက်တော့
ခါးအောက်ပိုင်းကစူးခနဲနာကျင်မူကြောင့်
ညကအဖြစ်အပျက်တွေကတရေးရေးပြန်ပေါ်လာတယ်
ရှက်လိုက်တာတကယ်ပါပဲ

ဝတ်ထားတဲ့အကျီတွေကိုငုံကြည့်မိတော့လဲ
ညကဝတ်ထားတဲ့အဝတ်အစားတွေမဟုတ်ဘူး
ဆယ်ဟွန်းလဲပေးထားတာပဲဖြစ်မယ်

သူ့ဘာသာအတွေးတွေနဲ့ရှုပ်နေတုန်းတံခါးခေါက်သံကြားလို့
ကြည့်တော့ဆယ်ဟွန်းကတံခါးဝလေးကနေ
သူ့ကိုချောင်းကြည့်နေတယ်

"ကော နိုးပြီလား
အောက်မှာမနက်စာပြင်ပြီးပြီ
မျက်နှာသစ်မယ်ပြီးရင်စားရအောင်"

"အော်အင်း ကောလာခဲ့မယ်"

မတ်တပ်ရပ်မိလိုက်တော့နာတဲ့ဒဏ်ကြောင့်
လူကကုတင်ပေါ်ပြန်ပြုတ်ကျသွားပြန်တယ်
ဆယ်ဟွန်းကလှစ်ခနဲအနားဘယ်လိုရောက်လာလဲမသိ
ထိတ်ထိတ်ပြာပြာနဲ့

"မထနိုင်ဘူးလား တအားနာနေတာလား
လာလာကျွန်တော်ချီမယ်"

ဆယ်ဟွန်းကပြောပြောဆိုဆိုနဲ့သူ့အနားကပ်လာပြီး
ပွေ့ချီဖို့ဟန်ပြင်တာကြောင့်လက်ကာပြီးတားရသေးတယ်

"ဘာဖြစ်ပြန်တာလဲ ကောရဲ့"

"ရတယ်ကော ဘာသာလျှောက်မယ်"

"ကျစ်!!ဒါတွေကျွန်တော်မကြိုက်တာ
ချီမယ်ဆိုအချီခံလိုက်"

နောက်ဆုံးတော့လဲဆယ်ဟွန်းချီတဲ့နောက်ပါသွားရတာပါပဲ
ရေချိုးခန်းထဲရောက်တော့
ဘေစင်ပေါ်သေချာတင်ပြီးသွားတိုက်ဆေးထည့်ပြီး
အာ.....လို့ပါးစပ်ဟခိုင်းတယ်
ဘာလဲသွားပါတိုက်ပေးမလို့လား

"ဆယ်ဟွန်း"

"ကိုယ့်ဘာသာလုပ်တတ်တာသိတယ်
ကျွန်တော်လုပ်ပေးချင်လို့ ဟပါးစပ်လေး"

သွားကိုသေချာဂရုတစိုက်တိုက်ပေးနေတဲ့
ဆယ်ဟွန်းကတကယ်ကိုစိတ်ရှည်ရှည်လုပ်ပေးနေတာပဲ
သွားတိုက်ပြီးတော့မျက်နှာပါတယုတယသစ်ပေးတယ်
ဆယ်ဟွန်းကတကယ်ကိုကြင်နာတတ်တဲ့ကောင်လေးပဲ

GeGe( Complete)Donde viven las historias. Descúbrelo ahora