17

592 60 9
                                    

ပေကျင်းကပြန်ရောက်တည်းကဆယ်ဟွန်းအိမ်ကို
မပြန်ပဲGeအိမ်မှာနေနေတာတစ်ပတ်ကျော်နေပြီ
ချစ်သူအိမ်ကိုယ့်အိမ်ပေါ့ပူစရာမလိုဘူး

"Geရေကျွန်တော်ပြန်လာပြီ"

"အင်း!!ဆယ်ဟွန်းနီရေ"

မီးဖိုချောင်ထဲကလာတဲ့အသံမို့သွားဝင်ကြည့်
လိုက်တော့ဟင်းအိုးပူပူတွေကြားအလုပ်ရှုပ်နေတဲ့
ကျွန်တော့ရဲ့Ge

"Geဘာတွေချက်နေတာလဲမွှေးလိုက်တာ"

Geပါးလေးကိုနမ်းရင်းမေးငေါ့ပြီးမေးတော့
Geကနှာခေါင်းရှုံ့တယ်။

"ချွေးတွေနဲ့လာနမ်းနေတယ်ဆယ်ဟွန်း
ရေသွားချိုးတော့အဝတ်စားလဲပြီးရင်ဆင်းလာခဲ့
Geနဲ့ညစာစားမယ်"

"အိုကေဗျာ"

အပေါ်ပြေးတက်သွားတဲ့ဆယ်ဟွန်းကို
တစ်ချက်ကြည့်ပြီးဟင်းတွေကိုစားပွဲပေါ်သေချာတင်ပြီး
ညစာပြင်ဆင်ရတယ်
အလုပ်တွေပင်ပန်းတဲ့ဆယ်ဟွန်းနီက
အာဟာရရှိရှိစားမှဖြစ်မယ်မလား။

နာရီဝက်လောက်ကြာတော့ဆင်းလာတဲ့
ဆယ်ဟွန်းကိုပြုံးပြုံးလေးကြည့်လိုက်တယ်
အိမ်နေရင်းပုံစံနဲ့တောင်မနာလိုချင်စရာ
ကောင်းအောင်ဆယ်ဟွန်းကချောလွန်းတယ်

"ဝါး.....ဟင်းတွေကမွှေးလဲမွှေးပြီး
စားကောင်းမယ့်ပုံပဲ Geကတကယ်
အရာအရာကိုတော်နေတာပဲ ကျွန်တော်ဖြင့်ကြက်ဥတောင်
မပြုတ်တတ်ဘူး ဟား!!!"

"ချက်ကျွေးမယ့်Geရှိတယ် ဆယ်ဟွန်းကGeချက်တာ
စားဖို့ပဲ"

သွားစွယ်တွေပေါ်အောင်ကိုပြုံးပြနေပြန်ပြီ
ဒီအိုဆယ်ဟွန်းကတော့။

စစတွေ့တုန်းကအတော်ချောလို့ကြောင်ငေး
ကြည့်မိခဲ့တဲ့ကောင်လေးကအခုသူ့အပိုင်ဖြစ်နေပြီ
ကိုယ့်ထက်လေးနှစ်ငယ်ပေမယ့်
ကိုယ့်ထက်အများကြီးရင့်ကျက်တယ်
ဦးဆောင်နိုင်တယ် ဆယ်ဟွန်းကတကယ်တော်တယ်။

လွန်ခဲ့တဲ့နှစ်လလောက်ကတောင်
ရုပ်နဲ့မှမလိုက်စကားကိုအနှောင့်အသွားမလွတ်
စကားနဲ့အသားအရမ်းယူတဲ့သူဆိုပြီး
အမြင်ကပ်ခဲ့တာ အခုတော့သူများလာလုမှာတောင်
ကြောက်ရလောက်အောင်ချစ်နေပြီ။

GeGe( Complete)Where stories live. Discover now