Part(1)

6.2K 183 0
                                    

       ချမ်းစိမ့်သောခံစားချက်ကြီးကြောင့်ကြိုးမျက်လုံးတွေပွင့်ဟလာခဲ့မိသည်။မှောင်မှောင်မဲမဲအိပ်ခန်းထဲမှဖယောင်းတိုင်တစ်တိုင်၏အလင်းရောင်ကိုအားပြုကာသူဘယ်ရောက်နေသလဲဆိုတာစဥ်းစားမိသည်။

         အာရုံထဲထွက်ပေါ်လာတဲ့ဖြစ်ရပ်တွေကြောင့်နောက်တစ်ကြိမ်အသုံးချခံမဖြစ်ရအောင်အားတင်းပြီးခုတင်ပေါ်မှထလိုက်သည်။ဖုန်တလောင်းလောင်းထနေသည့်အေးစက်စက်ကြမ်းပြင်ကြီးပေါ်တွင်ကြိုးခြေရာများထင်ကျန်ရစ်လျက်ရှိ၏။

         နောက်ထပ်အသုံးချမခံချင်ပါ....ကိုယ့်ဘဝကိုယ်မပိုင်တဲ့လူလည်းဖြစ်ခဲ့ပြီးပြီ...ချစ်ခြင်းကိုမိုက်မဲစွာရူးသွပ်ပြီးစုံလုံးကန်းခဲ့တဲ့ကြိုး...ထပ်မဖြစ်ချင်တော့ပါ...။

          ကြိုးတံခါးလက်ကိုင်ဘုတုံးကိုမကိုင်ရသေးခင်မှာပင်ဂလောက်ဟူသောအသံနဲ့အတူတံခါးပွင့်လာသောအခါကြိုးဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့သလို...သူများလားဆိုသောအသိကရင်တွေကိုအခုန်မြန်စေပြီးခြေဖျားလက်ဖျားတွေကိုပါအေးစက်သွားစေသည်။

        ထင်ထားတဲ့အတိုင်းပင်ထွက်ပြေးဖို့ကြိုးစားမိသောကြိုးကိုမျက်မှောင်ကျုံ့ကာကြည့်လာသောရန်နောင်စိုး....။

       "Baby..baby...ကိုယ့်ဆီကထွက်ပြေးမလို့လား...ကလေးကိုအရမ်းချစ်လွန်းလို့ကိုယ်ကလေးကိုအခုလိုဖမ်းခေါ်လာခဲ့ရတာ...ကလေးထွက်ပြေးလို့မရဘူး...ကိုယ့်ဆီကနေကလေးကိုထွက်သွားခွင့်မပေးဘူးနော်...ကလေးသိရဲ့လား...ကိုယ်ကလေးကိုမခွဲလောက်အောင်တအားချစ်တာကလေးရဲ့...ထွက်မသွားနဲ့နော်..ကိုယ့်အနားမှာပဲနေ...
ကလေးကလိမ္မာပါတယ်...ကိုယ့်ကိုချစ်တယ်မလားဟင်.."

      ကြိုးပုခုံးကိုဆုပ်ကိုင်ရင်းစကားတွေအများကြီးပြောလာသောရန်နောင်စိုးကိုကြိုးမုန်းရမလား...ချစ်ရမလား...ဝေခွဲမရတော့ပါ...မသိစိတ်ကလူကြီးဆိုပြီး..ပြေးဖက်ချွဲနွဲ့နေချင်ပေမယ့်...သိစိတ်ကတော့ခါးသီးစွာကိုမုန်းနေမိသည်...။

        "ဖယ်ပါ...ကျွန်တော်သွားပါရစေ...ခင်ဗျားဘေးနားကရော...ခင်ဗျားဘဝထဲကရော...ထွက်သွားမှာ...ခင်ဗျားကိုမုန်းတယ်...အရမ်းမုန်းတယ်...လွှတ်..."

Your In My Heart (Complated)Where stories live. Discover now