Part(12)

933 61 0
                                    


      ရန်နောင်စိုးရဲ့မျက်နှာကပါးပြင်တစ်ခုလုံးနီရဲတက်သွားတာတောင်ပြောင်းလဲမသွားခဲ့...။

       တင်းကြပ်စွာဖက်ထားရင်းကပဲ...

     "Babyကိုယ့်ကိုမမုန်းပါနဲ့...မမုန်းပါနဲ့နော်...မမုန်းပါနဲ့...မမုန်းလိုက်ပါနဲ့...ကျေးဇူးပြုပြီးမမုန်းပါနဲ့...ကလေးရယ်...မမုန်းပါနဲ့နော်..."

     "မမုန်းရဘူးလား...အိမ်ထောင်ရှိရက်နဲ့လိမ်ညာပြီးအိမ်ပေါ်ခေါ်တင်ထားတဲ့လူ...လူကိုသူ့စိတ်တိုင်းကျလုပ်ချင်ရာလုပ်ပြီးအသုံးချတဲ့လူ...မမုန်းရဘူးလား...ခင်ဗျားကိုမမုန်းရဘူးလား..."

      အော်ဟစ်ငိုယိုပြီးရင်ဘတ်ကိုတဘုန်းဘုန်းထုကာပြောနေသောBaby၏ပန်းရောင်နုနုပါးပြင်ပေါ်ကမျက်ရည်စများကိုသုတ်ပေးမိသည်။

       Babyကအတင်းရုန်းထွက်ပြီးပါးပြင်ပေါ်ကမျက်ရည်သုတ်ပေးသောသူ့လက်တွေကိုပုတ်ချလိုက်သည်။

      "မထိနဲ့..ခင်ဗျားနဲ့ကျွန်တော်ဘာမှမပက်သက်တော့ဘူး..."

      "ဘာမှမပတ်သက်တော့ဘူးဟုတ်လား..အဲ့တာဘာသဘောလဲ..."

     "ဦးနှောက်ရှိတယ်မလားစဥ်စားလေ..."

     "မင်းကငါ့နဲ့ပြတ်ဆဲရဲတယ်ပေါ့..."

       ကြိုးတစ်ကိုယ်လုံးကိုကိုင်လှုပ်ကာပြောလိုက်ခြင်း...

      "မင်းထွက်မသွားရဘူး..."

      "ဘာလဲ...ထပ်ပြီးကျွန်ခံခိုင်းမယ်ပေါ့.."
 
      "ဘာ...ကြိုး...ဒါဘာစကားလဲ..မင်းဆီကမုန်းတယ်ဆိုတဲ့စကားတစ်ခွန်းနဲ့တင်ငါဘယ်လောက်ခံစားရလဲမင်းသိလား..."

      "ဟွန့်..."

     ကြိုးမဲ့ပြုံးပြုံးလိုက်သည်။ကြိုးရဲ့လက်သီးဆုပ်တွေကြားမှကားလက်မှတ်ကိုရန်နောင်းစိုးတစ်စွန်းတစ်စတွေ့သွားသည်။

     "အဲဒါဘာလဲ.."

      "ကားလက်မှတ်လေ...ခင်ဗျားရှာမတွေ့တဲ့ဆီသွားမလို့..."

     "ဘာ  ! !  !  "

       ရန်နောင်စိုးခေါင်းမွှေးတွေထောင်ထရလောက်တဲ့အထိလန့်သွားမိသည်။

Your In My Heart (Complated)Where stories live. Discover now