Part(11)

921 65 0
                                    


    ကြိုးနိုးလာတော့မှောင်မဲနေတဲ့အခန်းကြီး..။အပြိုအပျက်ပစ္စည်းတစ်ချို့နဲ့ဖုန်းတလောင်းလောင်းထနေသောပစ္စည်းတွေ....။ဒါစတိုခန်းကြီး...။

      ကံကောင်းထောက်မစွာဖြင့်Dadyကသူ့ကိုကြိုးတွေနှင့်တုတ်မထားခဲ့...။

      ကြိုးတစ်ကိုယ်လုံးအားအင်မဲ့နေသလိုခံစားရသည်။ယိုင်နဲ့စွာနှင့်ပင်အတင်းအားပြုကာကုန်းရုန်းထပြီးစတိုခန်းတံခါးဆီသို့လျှောက်လှမ်းခဲ့သည်။

      "ဂျောက်..."

     လော့မချထားသောတံခါးကအလိုက်အထိုက်ပင်ပွင့်ဟသွားခဲ့သည်။Dadyကသူ့ကိုကြိုးလည်းမတုတ်...အခန်းတံခါးကိုလော့လည်းမချဘဲချုပ်နှောင်တာဒါပထမဆုံးမို့ကြိုးစိတ်ထဲးနောင့်စနင်းဖြစ်ရသေးသည်။

     (Dadyအဆင်မှပြေရဲ့လား...)

     ကြိုးနဲ့ပြသနာအကြီးအကျယ်ဖြစ်တိုင်းDadyကသူ့ကိုယ်သူနည်းမျိုးစုံဖြင့်ထိခိုက်အောင်လုပ်တတ်သည်။အခုချိနိမှာDadyဘာများဖြစ်နေမလဲ...။အိပ်ယာထဲပဲလဲနေမလား...ဆေးရုံပဲရောက်နေမလား..။

      အတွေးနဲ့ပင်သူ့အပေါ်ထားတဲ့ကြိုးအမုန်းတွေအရည်ပျော်ကုန်ပြီ...။မရမကတင်းထားတဲ့စိတ်တွေလည်းဖယောင်းချောင်းလိုဖြစ်နေပြီ...။ဒီလောက်အသုံးချပြီးဒုက္ခပေးတတ်သူအားကြိုးကဘာကိစ္စတွယ်တာနေရမှာလဲ...။

     ကြောက်လည်းကြောက်တယ်...မုန်းလည်းမုန်းတယ်...

     ရန်နောင်စိုးလိုလူအတွက်ကြိုးမှာအချစ်မရှိတော့ဘူး...။

      စိတ်ကိုတင်းလျက်စတိုခန်းထဲမှထွက်ကာအားတင်းပြီးDadyနှင့်ပန်းခက်တမာတို့၏မဂ်လာဦးအိမ်ဆိုသောအိမ်ကြီးထဲမှထွက်လာခဲ့သည်။

       ဧည့်ခန်းရှေ့ရောက်တော့အပြင်မှလှမ်းမြင်နေရသောDadyနဲ့ပန်းခက်တမာတို့၏မဂ်လာဦးဓာတ်ပုံအားစိမ်းသက်စွာစောင်းငဲ့ကြည့်ရင်းကသူ့ကိုယ်တိုင်ပင်သတိမထားမိပဲမျက်ရည်စတို့လိမ့်ဆင်းလာသေး၏။

      ( မုန်းကိုမုန်းရမယ်...အချစ်လိမ်လည်ယူသူဟာလူယုတ်မာ...Dadyဟာ..လူယုတ်မာ..)

Your In My Heart (Complated)Where stories live. Discover now