Part(17)

766 58 0
                                    


      တိမ်လွှာတွေကင်းစင်နေသောကောင်းကင်ပြာပြာကြီးကိုကောင်းကင်ငေးကြည့်နေမိသည်။လေကလည်းတဖြူးဖြူးတိုက်နေသည်။ညနေစောင်းမို့လားမသိ...။နေလုံးကလည်းတိမ်မြုပ်စပြုနေပြီ...။

      ညနေခင်းလေနုအေးကလေးကလည်းဝေ့ဝဲတိုက်ခတ်နေသေးသည်မို့စိတ်ချမ်းမြေ့စရာပင်...။

      "ကိုကြီးဘာလုပ်နေတာလဲ..."

      "ကောင်းကင်ကိုကြည့်နေတာ..."

       "ဗျာ..."

     ကြိုးရုတ်တရက်နားရှုပ်သွားသည်။

      "ကျွန်တော်ကောင်းကင်က...ဟိုး...မိုးပေါ်ကကောင်းကင်ကိုကြည့်နေတာပါ..."

     "ဟင်း...ဟင်း.. ကျွန်တော်သဘောပေါက်ပါတယ်...ခုနကရုတ်တရက်မို့နားရှုပ်သွားတာ..."

            ကောင်းကင်ကကြိုးကိုခေါင်းညိတ်ပြပြီးဆက်ငေးနေသဖြင့်ကြိုးလည်းအလားတူလိုက်ငေးမိသည်။

      "ကောင်းကင်ကြီးကလှသားပဲ..."

      "ကောင်းကင်ဆိုတာမလှတဲ့အချိန်မရှိပါဘူး..."

       "အဟင်း...ကိုကြီးလိုလား...ခစ်ခစ်..."

      "ဟုတ်တာပေါ့...ဟား...ဟား...ဟား...".

     ကောင်းကင်နှင့်စကားတွေပျော်ရင်းပျော်ရွှင်စွာရယ်မောနေသောကြိုးကိုကြည့်ရင်းရန်နောင်စိုးရင်ထဲမီးတောက်တွေတောက်လောင်နေသလိုပူနေမိသည်။ကောင်းကင်ဘက်ကစိတ်ချရသော်လည်းကြိုးရဲ့စိတ်ကိုရန်နောင်စိုးမသိ...။

    အချစ်ဆိုတာဘာမှန်းမသိတဲ့အရွယ်...အချစ်နဲ့သံယောဇဥ်ကိုမခွဲခြားတတ်တဲ့အရွယ်မှာကြိုးကိုသူသိမ်းပိုက်ခဲ့သည်။ဘာမှနားမလည်တဲ့ကြိုးကသူ့ကိုကြောက်လို့ပဲဖြစ်ဖြစ်...သနားလိုပဲဖြစ်ဖြစ်...သံယောဇဥ်တွယ်မိတာကိုအချစ်ဟုယူဆထားနိုင်၏။

     အခုကြိုးကငယ်သေးတဲ့အရွယ်မဟုတ်တော့ပါမကြာခင်မှာအသက်ပြည့်တော့မှာ...။ချစ်တာနဲ့သံယောဇဥ်တွယ်တာကိုခွဲခြားတတ်လာပြီ...။ကြိုးနဲ့သူ့ရဲ့အနာဂတ်လမ်းကဖြောင့်ဖြူးသယောင်နဲ့ကြမ်းတမ်းလာပြီ...။

     သူ့ဆီကနေလွယ်လွယ်နဲ့ကြိုးလွတ်ထွက်မသွားရအောင်တင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားခဲ့သည်။နောက်တစ်ယောက်ဆိုတာမျိုးမရှိအောင်ကြိုးကိုထိန်းချုပ်ထားခဲ့သည်။

Your In My Heart (Complated)Donde viven las historias. Descúbrelo ahora