Part(14)

781 62 0
                                    


      Laptop တစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့ရန်နောင်စိုးပေါင်ပေါ်တက်ထိုင်ပြီးလည်ပင်းကိုကိုက်လိုက်...ဂုတ်ကိုကိုက်လိုက်..ဟိုနားထိလိုက်...ဒီနာတို့လိုက်နဲ့လုပ်နေတဲ့ကြိုးကိုလွှတ်ထားလိုက်သည်။

      လိုချင်တာရှိလို့သက်သက်လာချွဲနေတာသိနေပါ၏။

        "Dady...."

     ထင်တဲ့အတိုင်းပင်အသံချိုချိုလေးကနားထဲတိုးဝင်လာသည်။

       ရန်နောင်စိုးအလုပ်တွေလက်စမသတ်ရသေးသဖြင့်ပြန်မထူးလိုက်...။

     "Dadyလို့"

    နောက်တစ်ကြိမ်ထပ်ခေါ်ပြီးကိုယ်လေးကပေါင်ပေါ်တိုးဝင်လာသည်။ကိုယ်လုံးသေးသေးလေးနဲ့ပေါင်ပေါ်အတင်းဝင်ထိုင်ကာလည်ပင်းတွေကိုဖက်ထားလိုက်သည်။

     ကြိုးကိုယ်လေးကကွယ်သွားတာကြောင့်ရန်နောင်စိုးLaptopလည်းမမြင်ရတော့သလို..အလုပ်လည်းဆက်လုပ်လို့မရတော့...။

     "Baby...Dadyအလုပ်ရှုပ်နေတယ်..."

     "Dadyကလည်း...Babyကပြောစရာရှိလို့.."

     "Babyကိုပေးထားတဲ့cardတွေသက်တမ်းကုန်သွားလို့လား.."

      "ဟင့်အင်း...တောင်းဆိုစရာရှိလို့ပါ.."

      "ဘာတောင်းဆိုမှာလဲBaby...မြန်မြန်ပြော..Dadyမအားဘူးလေနော်..."

     "Dadyကလည်းကွာ...ဒီအလုပ်တွေပဲလုပ်နေတော့မှာလား..."

     "Babyရယ်...CEOတစ်ယောက်ကအလုပ်မများပဲနေပါ့မလား..."

      "ဟွန့်ကြွားမနေနဲ့...Babyပြောမယ်နော်.."

      "အင်းပြော..."

      "BabyကDadyရဲ့ချစ်သူနော်..."

      "မေးနေစရာလိုသေးလို့လားBabyရယ်..."

     "Babyကိုလက်ထပ်ဖို့အထိရည်ရွယ်ခဲ့တယ်မဟုတ်လား..."

       "ရည်ရွယ်ခဲ့တာမဟုတ်ဘူး..ရည်ရွယ်ထားတာ...ဟုတ်ပြီလား..."

      "ဒါဆို...Dadyအိမ်မှာBabyနေမယိ..."

      "အခုလည်းBabyနေတာDadyအိမ်ပဲလေကွာ..."

     "ဒီအိမ်မဟုတ်ဘူး...Dadyရဲ့ဟိုအိမ်ကြီး.."

Your In My Heart (Complated)Hikayelerin yaşadığı yer. Şimdi keşfedin