Part(6)

1.1K 74 1
                                    


        လူကိုအကောင်ထည်လိုက်မပြဘဲလက်ဆောင်မျိုးစုံသာနည်းမျိုးစုံဖြင့်ပေးနေသောရန်နောင်စိုးဆိုသောလူကိုကြိုးတအားတွေ့ချင်ခဲ့သည်။

       ဘယ်လိုရုပ်ရည်မျိုးရှိနေမလဲ...ဘယ်လိုအသားအရောင်မျိုးရှိနေမလဲ...​အတွေးမျိုးစုံဖြင့်Dadyကိုပုံဖော်ကြည့်မိခဲ့သည်။သို့သော်အချိန်တော်တော်ကြာသည်အထိရန်နောင်စိုးဆိုသူကိုကြိုးမသိခဲ့ရ...။

        တစ်နေ့တော့Dadyကိုကြိုးသိခဲ့ရပါသည်။သိခဲ့ရပုံကလည်း....။

         ကြိုးအတန်းမှအပြန်ကားတစ်စီးကကြိုးလမ်းကိုပိတ်၍လာရပ်သည်။

        ကြိုးစိတ်ထဲတစ်မျိုးဖြစ်သွားပြီး...

      "ဟိတ်လူ...ဒါဘာလုပ်တာလဲ..."

        လှမ်းအော်လိုက်သည်။ကားထဲမှလူတစ်ယောက်ထွက်လာ၏။ထိုလူ၏ရုပ်ရည်သွင်ပြင်ကိုကြည့်ပြီးမှတ်မိလိုက်သည်။ဟိုတစ်ခါစာကြည့်တိုက်မှာတွေ့ခဲ့ရသူ....။

          ထိုလူကကြိုးရှေ့လာရပ်သည်။ဘုဆတ်ဆတ်ပင်ကြည့်ပစ်လိုက်ရင်းက...

      "ဘာလို့လမ်းကိုပိတ်ရပ်ရတာတုန်း..."

      ဟုကတ်ကတ်လန်လေသံနှင့်မေးလိုက်သည်။

       "Babyကိုတွေ့ချင်လို့..."

         "ဘာ...ဘယ်သူ့ကိုBabyလို့ခေါ်လိုက်တာလဲ..."

        "ကြိုးဆိုတဲ့..မင်းကိုပါ..."

      "ခင်ဗျားကဘယ်သူလဲ..."

       "ငါ...က..."

      ထိုလူကခါးကိုကုန်းလိုက်သောကြောင်းကြိုးမျက်နှာနှင့်သူ့မျက်နှာကနီးကပ်သွားသည်။

       "ရန်...နောင်...စိုး..."

      "ဘယ်လို..."

        ကြိုးပြူးပြီးတအံတသြကြည့်မိသည်။

        သူ့ဆီကိုလက်ဆောင်တွေမနားတမ်းပို့နေသူကထိုသူပေါ့...။

        ထိုအခိုက်အတန့်မှာပင်ကြိုးမျက်နှာကိုလက်ကိုင်ပုဝါစနှင့်အုပ်လာသည်။စိမ်းရွှင်ရွှင်အနံဆိုးကြီးကြောင့်ကြိုးမူးဝေလာ၏။

Your In My Heart (Complated)Where stories live. Discover now