Part(3)

1.5K 101 0
                                    


     ရီဝေဝေခံစားချက်ကြီးကြောင့်ကြိုးမူးဝေနောက်ကျိနေပြီ...။ခါးမှလည်းတဆစ်ဆစ်ကိုက်ခဲနေ၏။

         "ဂျိန်း.."

       တံခါးပိတ်သံကြီးကိုကြားလိုက်ရပြီးနောက်တွင်ကြိုးလည်အရာအားလုံးကိုမေ့လျော့သွားရပြီ....။

        Dady..ရယ်...ချစ်ပါတယ်...

     စိတ်ထဲမှရေရွတ်လိုက်ရင်းမျက်တောင်လေးတွေစင်းကျပြီးမေ့မျောသွားပါတော့၏။
ကြိုးစိတ်တွေကအတိတ်နေ့စွဲတွေဆီသို့.....။

          "ဖေဖော်ဝါရီ 14မှာကံထူးသူတစ်ယောက်တော့ပေါ်လာပြီဟေ့..."

       ကြိုးဆိုင်ထဲဝင်ဝင်ချင်းဝဏ၏စကားသံကလွင့်ပျံလာ၏။သို့သော်လည်းကြိုးကအာရုံမစိုက်ဘဲအဝတ်လဲခန်းထဲဝင်ကာကော်ဖီဆိုင်မှပေးထားသောစားပွဲထိုးဝတ်ဆုံအားကျကျနနဝတ်ဆင်နေပါသည်။

      "ဟေ့ကြိုး...မင်းမသိချင်ဘူး..."

        "မသိချင်ပါဘူး..."

         "ဟေ့...မသိချင်ဘူးပြောရအောင်ငါကဘာပြောမယ်ဆိုတာရောမင်းသိလို့လား...."

      "ပြောစရာရှိတာဒဲ့ပြော...ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့..."

       "ရော့ဟေ့....ရော့...."

      ကြိုးစကားကြောင့်ဝဏကမဲ့ကာရွဲ့ကာဖြင့်ဘောင်ပေါ်တင်ထားသောချောကလက်နှင့်စာအုပ်တစ်အုပ်ကိုကမ်းပေးပါသည်။

      "အဲ့တာဘာတွေလဲ"

     "မင်းကိုပေးတာဟေ့...လူတစ်ယောက်လာပေးသွားတာ...လူချမ်းသာပဲနေမှာ...မင်းတော့ထောပြီ..."

      "တော်စမ်းကွာ...."

      စာအုပ်ကိုကြည့်လိုက်တော့ကြိုးအရမ်းဖတ်ချင်နေသောစာအုပ်ဖြစ်သည်။Dark Memories ဆိုသောစာအုပ်သည်စာကြည့်တိုက်တွင်ရှိသော်လည်းထက်ပိုင်းပြတ်နေ၍ကြိုးမဖတ်ခဲ့ရ...။

      စာအုပ်ကိုကြိုးဖင်ပြန်ခေါင်းပြန်လှန်ကာရှာကြည့်မိသည်။ပေးတဲ့သူ၏သဲလွန်စများရှိလေမလားဆိုသောအတွေးနှင့်....။

     တွေ့ပါပြီ...။ရှေ့မျက်နှာဖုံးကိုလှန်လိုက်တော့မှဒုတိယမျက်နှာဖုံးအတွင်းစာရွက်သားတွင်ballpenဖြင့်ရေးထားသောစာကြောင်းလေးများ....။

Your In My Heart (Complated)Donde viven las historias. Descúbrelo ahora