^ Poem Lovers^ Part-4

5.5K 588 15
                                    

ဒီလိုနဲ့ကန်တင်းထိရောက်သွားကြတယ် Soo တို့ထိုင်နေကျစားပွဲမှာ ထိုင်လိုက်တယ်

Kai: ခေါ်နေတာမကြားဘူးလား နားတော့မလေးပါဘူးနော်

Soo: ကြားတယ်ဟေ့ မထူးချင်လို့မထူးတာ

Hun: ဟေ့ကောင် Lay ပေးလိုက်လေကွာ

Lay ခမျာ အေးတိအေးစက် တစ်ကယ်တော့ မဝံ့မရဲ အူကြောင်ကြောင်ဖြစ်နေတာပါ Yeol ကတွန်းလိုက်တော့မှ

Lay: Su ဒါလေး

Lay Suho ရှေ့ကို စာရွက်လေးချပေးပြီး ထွက်သွားတယ်

Kai ကတော့ Soo ကို ဂျစ်ကန်ကန် ကြည့်နေပြီး Hun ကတော့ Lu ကို တာတာ့တွေပြလို့ Yeol ကတော့ ပြုံးစိစိနဲ့ Baek ကို ရယ်ပြနေပြီး Kris ကတော့ Tao ကို မျက်စိတစ်ဖက်မှိတ်ပြနေတယ်

Chen ကတော့ Xiu ရေ ကျွန်တော်သွားပြီလို့ အကျယ်ကြီး အော်သွားလေရဲ့

Lu: ဘယ်လိုဟာတွေမှန်းမသိဘူး

Baek: ဗရုတ်တွေ တစ်ကယ်

Tao: မျက်စိက အကြောလိုက်သွား တာလားမသိ

Xiu: ရှက်တာဟယ် ငါ့နာမည် အော်သွားသေး

Soo: နင်တို့ကလည်း ဟိုမှာ မိ Su တို့ဘယ်လိုနေလဲကြည့်ရအောင်

ပြောရင်းဆိုရင်း Soo တို့ Suho လက်ထဲက စာရွက်လေးကို လှမ်းယူလိုက်တော့

မျက်နှာမပျက် အမြဲပြုံးလို့

ပွင့်လင်းဖော်ရွေ စကားဆိုတဲ့

Su ကိုလေကွယ် အရမ်းချစ်တယ်

ရယ်ကာမောလို့ နေတဲ့ချိန်တိုင်း

ငေ်းကြည့်ရတာ ကြာလှပါပြီ

ပြန်ကာလှည့်ကြည့် ဒီကလူကို

စာနာသနားလှည့်ပါကွာ

အိမ်မှာပြေးတဲ့ ပိုးဟပ်တွေ့တိုင်း ပိုးဟပ်ဖြူလေး မင်းကိုလွမ်းလို့် ပါးချိုင့်လေးကို အားနာလို့လေ

ပြန်ချစ်ပါလို့ တောင်းဆိုပါရစေ

   ပုံ/

         Suho ခေါ် ပိုးဟပ်ဖြူလေး

                  ရဲ့

✨Poem Lovers✨Where stories live. Discover now