Soo: Annyeong!! မနေ့က ပြောခဲ့တဲ့ Round 4,5,6 အား အခုပြိုင်ရမယ့် round နဲ့ လဲထားပါတယ် Title တွေကို ကြိုသိထားရတော့ ဘယ်စိတ်ဝင်စားစရာ ကောင်းပါ့မလဲ ဒီတော့ အခု suprise အနေနဲ့
Heart break poem အား စပ်ဆိုရပါမည်
စပ်ဆိုရာတွင်
1. Round သုံးခုစာ ဖြစ်တဲ့အတွက် Long poem ဖြစ်ရမည်
2. အကြောင်းအရာတစ်ခုအပေါ် အခြေခံ၍ Herat breaker နေရာမှာ ပီပြင်စွာစပ်နိုင်ရမည်
3. မိမိကိုယ်တိုင် ဝင်ရောက်ခံစားရမည်
4. ပြီးခဲ့ပြီးသော round သုံးခုအတိုင်း တစ်ဖက်တစ်လှည့် စပ်ဆိုရမည်
5. ခံစားရသော poem ဖြစ်ရမည် ရုပ်လုံးပေါ်အောင် စပ်ဆိုနိုင်ရမည်
6. poem ထဲတွင် ဇာတ်လမ်းတို တစ်ခုဖန်တီးနိုင်ရမည်
ဤသို့ပြောင်းလဲခြင်းအပေါ် စိတ်မရှိပါနှင့် မေးခွန်းကြိုသိပြီး စာမေးပွဲလာဖြေသလိုဖြစ်နေလို့ မေးခွန်းလှည့်လိုက်တာပါ ဒါပါပဲ gamsamitha....
*******Suprise round******
ရက်စက်လိုက်တာ ချစ်ရသူရယ်
လှည့်ထွက်သွားတာ ကျေနပ်မိလား
အရာအားလုံး မင်းသဘောပါ
ဤသို့ဆိုလည်း အခုများတော့
သေမတတ်ပဲ ရင်ကွဲအပ်ကာ
လောင်ကျွမ်းနေတဲ့ နှလုံးသားမှာ
ပူထူနေတဲ့ အသွေးအသား
ရှုပ်ထွေးနေတဲ့ စိတ်အစဉ်နဲ့
အထီးကျန်စွာ အမှောင်နေရာ
ကိုယ့်ရဲ့အလင်း မင်းမရှိတော့
မျက်ရည်စက်ကို အဖော်ပြုကာ
ခေါင်းငိုက်စိုက်၍ အရှုံးပေးသည်ကျဆင်းနေတဲ့ မျက်ရည်ကြားထဲ
ဝမ်းနည်းမှုကြောင့် ဖျော့တော့တော့နဲ့
ယ်ုင်နဲ့နေတဲ့ အမှတ်တရတွေကို
ဟိုဟိုဒီဒီ တွေးနေရင်းပင်
အားတင်းပြုံးမိ အရူးတစ်ပိုင်း
စွဲမက်မိတဲ့ နှုတ်ခမ်းပါးများ
ကြွေမိခဲ့တဲ့ မျက်ဝန်းလေးများ
ရှက်သွေးဖြာတဲ့ ပါးပြင်လေးတွေ
နွေးထွေးလှတဲ့ လည်တိုင်လေးကို
လွမ်းမိလေရဲ့ နမ်းရှိုက်ခဲ့သူ
အခုများတော့ အားလုံးပျောက်ဆုံး
ဝေးခဲ့ပြီလေ ကိုယ့်ရဲ့ချစ်သူ ....
YOU ARE READING
✨Poem Lovers✨
Fanfiction*Poem တွေကိုနှစ်သက်တဲ့ ကောင်လေး 6 ယောက်နဲ့ ကောင်မလေး 6 ယောက် *Poem တွေ အပြန်အလှန်သီကုံးရင်း နောက်ဆုံးမှာ ......်