Yeol Kris Chen နဲ့ Lay တို့ချီတက်လာပြီး Baek Tao Xiu နဲ့ Suho တို့ဆီ အသည်းပုံလေး တစ်ခုစီ ကမ်းပေးရင်း ပြုံးပြလိုက်တယ် Baek တို့ကလည်း ပြန်ပြုံးပြလိုက်တယ်
သြော်....ဆက်ဆံရေးတွေ ပြေလည်လာပြီ ဆိုပါတော့ ဟီး
သူတို့အားလုံး ပြိုင်တူဖွင့်ကြည့်လိုက်ကြ တယ် ကိုယစီလက်ထဲမှာ ကြိုးစားပြီး စပ်ဆိုထားတဲ့ poem လေးလေးပုဒ် .....
ကုတင်ထက် ကျောခင်းရင်း
မျက်နှာကျက်ကို မော့ကြည့်မိတော့
Baek ပုံရိပ်တွေ
ဒီတော့ ဘေးကိုစောင်းပြီး အိပ်ကြည့်လိုက်တယ်
ဟာ...နံရံပေါ်မှာ Baek ပေါ်လာပြန်ရော
ငုတ်တုပ်ထိုင်ပြီး ခေါင်းကိုငိုက်ကာ
စဉ်းစားလိုက်တော့
Baek အကြောင်းတွေ
ကိုယ် သိလိုက်ပြီလေ ...
Baek ကို ရူးရူးမူးမူး ချစ်မိသွားပြီဆိုတာ
Happy virus ကျွန်တော်
Love virus တွေ Baek ဆီ ထုတ်လွှတ်လိုက်ပါပြီ
ကျေးဇူးပြု၍ ကူးစက်ခံပေးပါ
ချစ်တဲ့
Yeol
မျက်ဝန်းလေးတွေ....
ထူးခြားပြီး တောက်ပနေတဲ့
Tao ရဲ့မျက်ဝန်းတစ်စုံ...
ကိုယ် မြင်မြင်ချင်း ယိုင်လဲခဲ့တယ်
ဆိုပါတော့ ...
အရုပ်ဆိုင်ထဲ ပန်ဒါရုပ်လေးတွေမြင်တိုင်း
ယုယစွာ ထွေးပွေ့ထားမိပြီ
Tao လို့မှတ်ပြီးပေါ့
Tao ကို အရမ်းချစ်တယ်လို့ တိုင်တည်လွန်းလို့
နေတွေ လတွေ ကြယ်တွေတောင်
သိကုန်ပြီလေ
ကိုယ့်ပုံစံက အေးစက်စက်နိုင်ပေမယ့်
Tao ကိုပေးထားတဲ့ ကိုယ့်အချစ်တွေကတော့ နွေးထွေးပါတယ်
ခံစားလှည့်ပါ Tao ရယ်.......
ချစ်တဲ့
YOU ARE READING
✨Poem Lovers✨
Fanfiction*Poem တွေကိုနှစ်သက်တဲ့ ကောင်လေး 6 ယောက်နဲ့ ကောင်မလေး 6 ယောက် *Poem တွေ အပြန်အလှန်သီကုံးရင်း နောက်ဆုံးမှာ ......်