^Poem Lovers^Part-16

3.4K 385 14
                                    

Soo တို့ ပွဲကြည့်စင်မှာထိုင်၍ အားပေးနေလေသည် Kai တို့ပွဲပြီးတော့ မိန်းကလေးအသင်းအလှည့် ရောက်လာသည်

ကစားရင်းနဲ့ မိန်းကလေးဘက်က လက်ရွေးစင်တစ်ယောက် မတော်တဆ ဖြစ်ကာ ချော်လဲသွားသည် အားလုံးဟာ ဟင် တွေဖြစ်ကုန်ကြတယ်

ခြေခွင်ပြီးချော်ကျတာ ဖြစ်သောကြောင့် ခြေဆစ်လွဲသွားသည် လက်ရွေးစင်ထဲက အတော်ဆုံးသူ ဖြစ်သောကြောင့် အားလုံးကအားကိုး ရသူဖြစ်သည်

Kai ပြေးပြီး ကောင်မလေးကို ပြေးထူတော့ နောက်မှ Yeol နဲ့ Hun တို့လိုက်လာသည် ကျန်သူတွေကတော့ အခြေအနေကိုငြိမ်အောင် ထိန်းနေကြသည်

ဖြစ်ချင်တော့ နည်းပြကမလာ Kai တို့သာ ကိစ္စအားလုံးစီစဉ်ရသည် Hun ကခြေဆစ်ကို ပြန်တည့်ပေးပြီး Yeol က ကောင်မလေးကို ပွေ့ချီ၍ ဆေးခန်းခေါ်သွားတယ် Hun လည်း နောက်ကနေလိုက်သွားသည်

အားလုံးမျက်နှာမှာ စိုးရိမ်မှုတွေအပြည့် ဒါပေမယ့် Soo,Lu နဲ့ Baek မှာတော့ တော်တော်စိတ်ထိန်းနေရတယ် တစ်ခြားကျောင်းသားတွေက Soo တို့ကိုကြည့်လျက်

Tao: ဘာလဲ အဲ့ကောင်တွေက အေးဆေးမနေဘူး

Xiu: အေးလေ ရှည်လိုက်တာ

Suho: အဲ့လောက်အားနေလားမသိ တခြားသူတွေလည်း ရှိနေတာပဲ

Soo,Lu နဲ့ Baek က လက်သီးဆုတ်လျက် အဓိကလူ မရှိတော့ကစားပုံကမငြိမ်တော့ ဘေးကနေကြည့်နေတဲ့ Kai တို့က အမှားတွေတွေ့နေရတယ်

Kris နဲ့ Lay တို့ကဝင်ကစားပေးတယ် Chen ကအသံပြဲပြဲနဲ့ ဟိုလိုလုပ် ဒီလိုလုပ် ပြောပြလျက် သူ့ဘေးနားမှာ ကောင်မလေးနှစ်ယောက်ကရပ်ပြီး ဟိုမေးဒီမေးပေါ့

Kai ကလည်း ကစားကွက်တွေပြတယ် ကောင်မလေးတစ်ချို့ မှားကြတယ် ဒီတော့ လက်ကိုင် ပခုံးကိုင် သင်ပြရော Chen လည်းသင်တဲ့ထဲပါလာတယ်

ကစားပြန်တော့လည်း Kris နဲ့ Lay တစ်သင်းစီနေရာယူကာ ကစားတယ် ကျန်တာမိန်းကလေးတွေချည်း သိတယ်မလား basket ball ကစားရင်အားလုံးတွန်းတိုက်နေရတာ

လေ

ဘာပြောကောင်းမလဲ Kris နဲ့ Lay တို့ ကိုဝင်တိုက်ပေါ့ အသားချင်းတွေထိ မျက်နှာချင်းတွေဆိုင် တစ်ခါတစ်ခါ လှည့်ထွက်အကွက်တွေမှာ ဖက်မိတော့မလိုလို

✨Poem Lovers✨Where stories live. Discover now