^Poem Lovers^Part-15

3.5K 402 14
                                    

ကျောင်းဆင်းတော့ Kai တို့တွေ မိန်းကလေးဆောင် ရှေ့အပြေးအလွှား Soo တို့ကတော့ အေးဆေးစကား ပြောပြီးထွက်လာကြတယ်

ကြည့်မဝရှုမဝသော ချစ်ချစ်လေးတို့အား ငေးကြည့်လျက် Kai တို့အားလုံး မျက်လုံးကြီးတွေ ကျွတ်ထွက်မတတ်ပင်

် ( အမယ်လေးတော် ကျုပ်တို့ငမ်းဖို့လည်း ထားပါဦး )

မမတို့မှာ ကိုကိုတို့အား

မမြင်ချင်ယောင် ဆောင်၍ထွက်သွား

ရှက်သွေးများဖြာ ခေါင်းလေးတွေငုံ့

ကိုကိုတို့မှ နေမထိထိုင်မသာ

နောက်ကလိုက်၍ လက်ကိုလှမ်းဆွဲ

စကားလိုက်ပြောကြလေသည်

လူတွေအားလုံး ရပ်ကာဝိုင်းကြည့်

မချောတို့မှာ ပါးပြင်နီရဲ

ရှက်စိတ် ရင်ခုန် စိတ်လှုပ်ရှားကာ

ကိုကိုတို့မှာ လက်ဆွဲရ၍

သွားများဖြီးကာ ရယ်နေလျက်ပင်

ကြည့်နေကြသော ကျောင်းသားများအား

ဂုဏ်ယူစွာပင် လက်မထောင်၍

လှမ်း၍ပြုံးပြနေလေသည်

Kai: ကိုယ်တို့က ပေးစရာရှိလို့ပါ

Hun: ဘာဖြစ်တာလဲ ရှက်နေကြတာလား

Yeol: မရှက်ပါနဲ့ အားလုံးလည်းသိနေ ကြလောက်ပြီ

Kris: ဒီမှာ ရော့ poem ပြီးတော့ အရမ်းပျော်နေတယ်

Chen: အဲ့လိုကြီးတွေ မသိချင်ယောင် မဆောင်ပါနဲ့လား

Lay: အားလုံးရှေ့မှာ လက်တွဲပြီး လျှောက်ပြရအောင်လေ နော်

ရှေ့တွင်စကားပြန်မပြော ခေါင်းကြီးငုံ့ကာ နေနေသော Soo တို့ကို Kai တို့မှာအသည်းယားနေသည် လောလောဆယ်တော့ လက်ကဆွဲထားလျက်

Soo: လက်ကိုပြန်လွှတ်ပါဦး

Soo ပြောတော့မှ လက်တွေလွှတ်လိုက် ကြတယ် စိတ်ထဲမှာတော့ အခုမှစကိုင်ရတာကို ကိုင်ရတာမဝသေးဘူး ( လက်နော် )

Lu: ဒါဆိုသွားတော့မယ်နော်

Baek: bye bye..

Kai တို့လည်းလက်ပြ၍သာ ထွက်လာခဲ့သည် သူတို့နားလည်ပေး လိုက်သည်လေ မိန်းကလေးဆိုတော့ ရှက်မှာပေါ့နော် ပြီးတော့ အားလုံးက သူတို့အကြောင်း စိတ်ဝင်စားနေတာကို

✨Poem Lovers✨Where stories live. Discover now