PART-(7) Muss!👉👈

15.3K 593 110
                                    

<Unicode>
"LOVE(💙) - SEX(🖤)= ( ?? )"

-------------PART(7) -------------
🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤

(7-ရှုပ်ထွေးခြင်း၏ ရစ်ထုံးအစထွက်လာပြီ !)

"ဟင်!"

"ဒါဆို မင်းက 'လွန်း' မှန်း အစကတည်းက
သိနေခဲ့တယ်ပေါ့။ ဟုတ်လား နက်ရှိုင်း?"

မျက်မှောင်ကြုတ်ရင်း ထီမထင်ဟန်နှင့် မေးလိုက်သော 'မဟာနွယ်'၏ အမေးကြောင့်
' နက်ရှိုင်း ' အနည်းငယ် စိတ်ထင့်သွားမိသည်။

"ကျွန်တော် ကြိုသိနေခဲ့တာကတော့
အမှန်ပါပဲ"

"အဟက်...မင်းက မင်းသခင်လေးကို ဒီကိစ္စ
မပြောဘဲ ထားခဲ့တယ်ပေ့ါ??"

ခနဲ့သလိုလိုနှင့် စကားနှိုက်နေသော 'မဟာနွယ်'
ကြောင့် 'နက်ရှိုင်း 'မှာ စကားကို ထိန်းသိမ်းကာ
ပြောရနေသည်။

"ဒါကတော့ဗျာ။ 'လွန်း' တို့ မောင်နှမက
ကျွန်တော် ငယ်ငယ်ကတည်းက ခင်တွယ်ခဲ့ရသူတွေမို့ ဒီလောက် ကူညီတာက ဘယ်သူ့အတွက်မှ ပြဿနာမဖြစ်စေဘူးလို့ ကျွန်တော်ထင်ခဲ့လို့ သခင်လေးကို မပြောပြဖြစ်ခဲ့တာပါ။"

စကားဆုံးသည်နှင့် 'မဟာနွယ်'ကို ကြည့်လိုက်မိတော့ တစ်စုံတစ်ရာကို စူးစမ်းနေသည့် မျက်လုံးများကို တွေ့လိုက်ရသည်မို့ 'နက်ရှိုင်း 'ရင်ထဲတွင်
အနည်းငယ် တုန်လှုပ်သွားမိသည်။

'မဟာနွယ်'နှင့် မျက်လုံးချင်း မဆုံစေရန် လွှဲဖယ်လိုက်မည်ဟု ကြံလိုက်မိသော်လည်း
ဤသို့သော အမူအရာများသည် အမှားလုပ်ထားသူများနှင့် တစ်စုံတစ်ခုကို ဖုံးကွယ်ထားလေ့ ရှိသူများသာ လုပ်လေ့ရှိသော အမူအရာဖြစ်သည်မို့ ပြန်လည် စိုက်ကြည့်ရင်း
မသိကျိုးကျွံပြုကာ မေးလိုက်သည်။

"ဘာဖြစ်လို့လဲ ကိုကြီး?"

သူ့ရဲ့ မေးသံကြားမှ 'မဟာနွယ်'က နှုတ်ခမ်းတစ်ချက်တွန့်ကာ ပြုံးလိုက်ရင်း။

"အဟင်း..ဘာမှမဖြစ်ပါဘူးကွာ။ ဒါပေမဲ့
မင်းတောင် တော်တော်ပြောင်းလဲလာပြီကိုး 'နက်ရှိုင်း' ရ!"

အနှောင့်အသွား မလွတ်သော စကားမို့ စိတ်ထဲ မလုံမလဲဖြစ်သွားမိသော်လည်း မသိချင်ယောင်သာ ဆောင်နေလိုက်သည်။

&quot;LOVE(💙)-SEX(🖤)=( ?? )&quot;Where stories live. Discover now