<Unicode>
"LOVE( 💙)- SEX( 🖤) =(??)"
🍁🍁🍁🍁🍁🍁🍁🍁🍁🍁----------------------PART-(4)------------------
🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤(4-🍁"လွန်း"မှ "ရွှန်း"သို့...!!)
နေ့လည် နှစ်နာရီခန့်သာ ရှိသေးသည်မို့ "နက်ရှိုင်း"
အတွက် "Hotel" အလုပ်များ အားလပ်နေကာ နားနားနေနေ နေနိုင်သည့် အချိန်ပင်ဖြစ်သည်။လှုပ်ရှားနေသောစိတ်၊ ညစ်ညူးနေသောဦးနှောက်
နှင့် နာကျင်နေသော နှလုံးသားတို့ကို သက်သာစေရန် အလို့ငှါ "Hotel"၏ အပေါ်ဆုံး ခေါင်မိုးထပ်မှ VIPတို့၏ အပန်းဖြေနားနေရာသို့ တတ်လာခဲ့လိုက်သည်။လက်ထဲမှ ဘီယာဘူးကို အဖော်ပြုရင်း မိုးအုံ့နေ၍
ညို့မှိုင်းနေသော ကောင်းကင်ပြင်ကြီးကို မော့ကြည့်လိုက်မိသည်။ကောင်းကင်ယံနှင့် ပတ်ဝန်းကျင် တစ်ခွင်လုံးက မိုးရိပ်တို့သန်းကာ လေအေးများနှင့် စိုစွတ်နေလေသည်။ မဝေးကွာလှသေးသော အတိတ်မှ တစ်စုံတစ်ရာကို ပြန်လည်သတိရစွာ မြင်ယောင်လာသည်မို့ မျက်ဝန်းတို့ကို မှေးမှိတ်ရင်း သက်ပြင်းမောကို လေးလေးပင်ပင် ချလိုက်မိသည်။
"လွန်း.....!"
လွန်ခဲ့သော တစ်လခန့်က....🍁🍁🍁🍁🍁🍁
ပင်လယ်နားတွင်နေသောသူတို့အဖို့ မည်သည့်
အချိန်တွင် မိုးသက်လေပြင်းနှင့် မိတ်ဆက်ရမည်ကို ကြိုတင် မမှန်းဆနိုင်ပါချေ။ယနေ့လည်း ထူးထူးခြားခြား ဆိပ်ကမ်းစပ်တွင်
သင်္ဘော စက်လှေများ ကမ်းကပ်ထားကြကာ
အားလုံး ပင်လယ်မထွက်ကြပေ။ရာသီဥတုဖောက်ပြန်ကာ မုန်တိုင်းရှိကြောင်း
သတင်းထုတ်ပြန်ထားသည်မို့ "ရနောင်း"နယ်စပ် ဆိပ်ကမ်းဘက်သို့သွားကာ ယခုညနေချိန်ထိ ပြန်မရောက်သေးသော သခင်လေး"မဟာသွေး"
အတွက် နေမကောင်းသည့်ကြားမှပင် "နက်ရှိုင်း"
တစ်ယောက် စိတ်ပူနေမိသည်။ချောင်းတွေဆိုးကာ ကိုယ်တွေကျစ်ကျစ်တောက်
ပူနေသည့်ကြားမှပင် အိမ်ရှေ့ပြူတင်းတံခါးမှ အပြင်သို့ ကြည့်နေရင်း "မဟာသွေး"ကို "နက်ရှိုင်း"မျှော်နေမိသည်။မိုးလေဝသ အခြေအနေအရ ဖုန်းလိုင်းများမှာလည်း ဆက်သွယ်မရသလို
စကားပြောစက်၏လိုင်းများပင်လျှင် လိုင်းပြတ်တောက်နေသည့် အနေအထားဖြစ်နေ၍
"မဟာသွေး"တစ်ယောက် "ရနောင်း"ဘက်မှာ
ညမအိပ်ဘဲ ပြန်လာပြီး ပင်လယ်ထဲရောက်နေမည်ကို "နက်ရှိုင်း"အလွန်စိုးရိမ်နေမိသည်။
VOUS LISEZ
"LOVE(💙)-SEX(🖤)=( ?? )"
Roman d'amour"ရုပ်ချင်းခွဲမအောင် တူလွန်းတဲ့ အမွှာမောင်နှမ "လွန်းနဲ့ရွှန်း.." တတ်ကြွဖျတ်လတ်ပြီး အမြဲသန်မာတဲ့ အမျဖစ္သူ "ရွှန်း"နဲ့ ကျန်းမာရေးချူချာကာ အားနည်းလှတဲ့ "လွန်း".... လက်ထပ်ဖို့အတွက် သဘောမတူပေမဲ့ အမွေနဲ့ စည်းစိမ်ကို လိုချင်ခဲ့တဲ့ "ရွန်း"က "လွန်း"ကို သူမပါဟ...