<Unicode>
"LOVE(💙)-SEX(🖤)=( ??)"
🍁🍁🍁🍁🍁🍁🍁🍁🍁🍁--------------PART-(5)-------------
🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤(5-'လွန်း' လား??(or) 'ရွှန်း' လား??)
'မဟာသွေး' တစ်ယောက် အသိစိတ်တို့က ခန္ဓာကိုယ်နှင့် ပြန်လည် ကပ်တွယ်လာသော်လည်း လူက မျက်လုံးမဖွင့်နိုင်အောင် မူးဝေနာကျင်နေသည်။
မျက်ဝန်းတို့ကို အားယူဖွင့်ကြည့်လိုက်သောအခါ
သူ့ကို စိုးရိမ်စွာ ကြည့်နေသော 'နက်ရှိုင်း'ကို
တွေ့လိုက်ရသည်။"သခင်လေး....!!
သခင်လေး သတိရလာပြီလား?
ကျွန်တော်က စိတ်ပူနေတာ။ သခင်လေး သတိမရသေးလို့ ဆရာဝန် 'ဦးမောင်သန်း' ကိုတောင် ခေါ်ခိုင်းထားပြီးပါပြီ။"ဖြည်းညှင်းစွာ ထထိုင်လိုက်မိတော့ 'နက်ရှိုင်း'က
သူ့အား ကူညီထူပေးလေသည်။"အား!!"
"ငါ့ခေါင်းက နာလိုက်တာကွာ။ ဘာလို့ ဒီလောက်ထိ နာနေရတာလဲ ကျွတ် ကျွတ်စ်??"
"သခင်လေးရဲ့ခေါင်းက ဟို ဟို ပန်း ..ပန်းအိုးနဲ့ အရိုက်ခံထားရလို့ပါ"
"ဟမ်.. !!"
"ငါ့ခေါင်းက ဘာလို့ ပန်းအိုးနဲ့ အရိုက်ခံရတာလဲ? ပြီးတော့ ဘယ်သူက ငါ့ကို ရိုက်တာလဲ?? အ...နာလိုက်တာကွာ!!"
ရုတ်တရက်မို့ 'နက်ရှိုင်း 'ဘယ်လိုပြန်ဖြေရမလဲ
မသိပေ။ထိုစဉ် သူ့နောက်မှ ကွယ်ကာ ပုန်းနေသော အသေးလေးက ခေါင်းလေး ပြူထွက်လာလေသည်။
"ဟို ဟို လူကြီးက 'ရွှန်း 'ကို အတင်းလာခွတာကိုး။
ဖယ်ခိုင်းလို့လဲ မရတော့ ရတဲ့နည်းကို သုံးလိုက်ရတာပါ။"" 'ရွှန်း 'အဲ့လိုဖြစ်စေဖို့ မရည်ရွယ်ပါဘူးနော်!"
ဩရှရှ အသံလေးနှင့်အတူ ချိုသာလှသော စကားသံလေးကို 'မဟာသွေး'ကြားလိုက်ရသည်။
မူးနောက်နာကျင်နေမှုများပင် တခဏတာ သက်သာသွားသလို ခံစားလိုက်ရသည်။
ခေါင်းကို ငဲ့ပြီး 'နက်ရှိုင်း'၏ အနောက်တွင် ကပ်နေသော အသံရှင်လေးကို ကြည့်လိုက်မိသည်။
"မင်းက 'နဒီရွှန်း' လား?"
သူမေးတာကို ပါးစပ်က မဖြေဘဲ ပုတ်သင်ညိုလို
ခေါင်းလေးငြိမ့်ပြသည်။
VOCÊ ESTÁ LENDO
"LOVE(💙)-SEX(🖤)=( ?? )"
Romance"ရုပ်ချင်းခွဲမအောင် တူလွန်းတဲ့ အမွှာမောင်နှမ "လွန်းနဲ့ရွှန်း.." တတ်ကြွဖျတ်လတ်ပြီး အမြဲသန်မာတဲ့ အမျဖစ္သူ "ရွှန်း"နဲ့ ကျန်းမာရေးချူချာကာ အားနည်းလှတဲ့ "လွန်း".... လက်ထပ်ဖို့အတွက် သဘောမတူပေမဲ့ အမွေနဲ့ စည်းစိမ်ကို လိုချင်ခဲ့တဲ့ "ရွန်း"က "လွန်း"ကို သူမပါဟ...