<Unicode>
"LOVE(💙) -SEX (🖤)=( ??)"
🍁🍁🍁🍁🍁🍁🍁🍁🍁🍁---------PART-(2) Romance🖤💙 -------
🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤(2-🍁ဘာကြောင့် လက်ထပ်ကြရတာလဲ?)
မင်္ဂလာပွဲအတွက် မဖြစ်မနေမို့သာ "လွန်း" လာခဲ့ရပေမဲ့ "လွန်း"အရမ်းကြောက်နေမိသည်....
ကိုကို့အကြောင်း "လွန်း"သိသည်...လုပ်မည်ဟု
ဆုံးဖြတ်ထားလျှင် အလွန်တရာခေါင်းမာစွာ
မှားမှားမှန်မှန် ဇွတ်လုပ်တတ်သည်...ယခုလည်း မမ"ရွှန်း"၏ သတို့သမီးနေရာမှာ "လွန်း"ကို ယောက်ျားလေးတန်မဲ့ ဝင်ခိုင်းပြန်ပြီ....
လိမ်ညာမိသော ကိုယ့်အပြစ်နှင့်ကိုယ်မို့ "လွန်း"မှာ
မရုန်းသာ မလွန့်သာ.....ပေးသည့်အပြစ်ကို
ခေါင်းငုံ့ခံမည်ဟု ဇွဲတင်းထားသော်လည်း ကိုကိုပေးသည့် အပြစ်က "လွန်း"ဘယ်လိုမှ ထင်မှတ်မထားသော ကိစ္စဖြစ်နေခဲ့သလို အရောက်လာမည်ဟု ကတိပေးထားရဲ့သားနဲ့ လုံးဝ အဆက်အသွယ်ဖြတ်ကာ ပစ်ထားခဲ့ရက်သော မမ"ရွှန်း"ကိုလည်း "လွန်း"ဘယ်လိုမှ နားမလည်နိုင်တော့ပါချေ...မောင်နှမနှစ်ယောက်တည်းရှိသော ဘဝမှာ မမက
"လွန်း"ရဲ့ တစ်ခုတည်းသော အားကိုးရာပါ....
ငယ်စဉ်ကတည်းက "လွန်း"ကို မားမားမတ်မတ်
ကာကွယ်ပေးတတ်သော မမကို "လွန်း"ချစ်လည်း
ချစ်သလို အလွန်လည်း အားကိုးတွယ်တာမိသည်ယောက်ျားတစ်ယောက် ဖြစ်သော်လည်း မမလို
မိန်းမသားလောက်ပင် "လွန်း"မသန်မာခဲ့ပါ....
အမြဲတစေ ကျန်းမာရေး ချို့တဲ့နေကာ ဆေးနှင့်သာ အသက်ဆက်နေရသော "လွန်း"အတွက် မမခမျာ ရသည့်အလုပ်မျိုးစုံကို
မနားမနေလုပ်ခဲ့ရသည်..."လွန်း"တို့၏ အမွေကိစ္စတွေအတွက် "အနွယ်တော်"မိသားစုမှ အကြိုထောက်လွှတ်ခဲ့
သည့်အခါမှာတော့.............????????"ဝုန်....ဒုန်း...ခလွမ်း....!!"
အိမ်ကြီးရဲ့ ဟင်းလင်းဖွင့်ထားသော တံခါးရှေ့မှာ
တောင့်တောင့်ကြီး ရပ်နေမိသော "လွန်း"ခမျာ
ခြေတစ်လှမ်းတိုးဖို့ ကြိုးစားလိုက်စဉ် ကျယ်လောင်လှသော ပြိုလဲကျသံ ကျကွဲသံများ
ကြောင့် ကြောက်လန့်စွာ "လွန်း"အနောက်ကို
ခြေလှမ်းဆုတ်လိုက်မိသည်......
ESTÁS LEYENDO
"LOVE(💙)-SEX(🖤)=( ?? )"
Romance"ရုပ်ချင်းခွဲမအောင် တူလွန်းတဲ့ အမွှာမောင်နှမ "လွန်းနဲ့ရွှန်း.." တတ်ကြွဖျတ်လတ်ပြီး အမြဲသန်မာတဲ့ အမျဖစ္သူ "ရွှန်း"နဲ့ ကျန်းမာရေးချူချာကာ အားနည်းလှတဲ့ "လွန်း".... လက်ထပ်ဖို့အတွက် သဘောမတူပေမဲ့ အမွေနဲ့ စည်းစိမ်ကို လိုချင်ခဲ့တဲ့ "ရွန်း"က "လွန်း"ကို သူမပါဟ...