Part-(8) ရွှန်း(သို့)ရွှန်း

1K 46 32
                                    

<Unicode>
"LOVE(💙) - SEX(🖤) = (??)"

-------------PART(8)--------------
🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤

(8- ရစ်ထုံးထဲက ရှုပ်ထွေးခြင်း!)

🌊🌊🌊🌊🌊🌊🌊🌊🌊

အံ့အားသင့်ခြင်းနှင့်အတူ ရှုပ်ထွေးသွားရသော
စိတ်အစဉ်ကို တည်ငြိမ်စေရန် ကြိုးစားရင်း
'မဟာသွေး'တစ်ယောက် တွေးနေမိသည်။

'နက်ရှိုင်း' သည်လည်း ဘာတစ်ခုမှ သဘောမပေါက်တော့သည်မို့ အသာငြိမ်၍သာ
ကြည့်နေမိတော့သည်။

"ဒါဆို ဒီလည်ဆွဲကို ကိုယ့်က 'လွန်း' ကို ပေးခဲ့တာပေါ့။ ဟုတ်လား? ?"

သူက သေချာအောင် ပြန်မေးလိုက်သည်ကို
'ရွှန်း' က နားမလည်စွာ သူ့ကို ကြည့်ရင်း
ခေါင်းလေး ငြိမ့်ပြရှာသည်။

သူ သက်ပြင်းချလိုက်သည်။ ဇာတ်လမ်းက
လည်နေလေပြီ။ ဘာတွေ ဘယ်လို ဖြစ်ကုန်ပြီလဲ?

တကယ်ဆို ဒီလည်ဆွဲကို သူကိုယ်တိုင်က အကိုဖြစ်သူ 'မင်းမဟာနွယ်'စီမှ အလွန်လိုချင်မိ၍
အသဲအသန် တောင်းခဲ့သော်လည်း မရခဲ့သောကြောင့် အကြီးအကျယ် စိတ်ဆိုးခဲ့ရသည်လေ။

အခုမှ ဘယ်လိုကနေ ဘယ်လိုဖြစ်ပြီး သူပေးခဲ့သည့် လည်ဆွဲဖြစ်ရသလဲ။

"ဒီလည်ဆွဲကို ကိုကိုက ကိုကြီး'မဟာနွယ်' နဲ့
ပေးခိုင်းလိုက်တာလေ။ ကိုကို မမှတ်မိတော့ဘူးလားဟင်။'

ထိုစကားကြားတော့မှ 'မဟာသွေး' နှင့် 'နက်ရှိုင်း'
တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိတော့သည်။

အခုမှပင် 'နက်ရှိုင်း'တစ်ယောက် ခပ်ရေးရေး သဘောပေါက်လာမိတော့သည်။

ငယ်စဉ်ကတည်းက အားနည်းကာ နွဲ့သလိုလိုလေး ဖြစ်နေတတ်သော 'သူရဇ္ဇလွန်း' ကို 'မဟာသွေး'က အနိုင်ကျင့်သလောက် အမြဲ နှိမ်ချတတ်သလောက် 'လွန်း'က သခင်လေးကို
အလွန်တွယ်တာရှာသည်။

တကယ်ဆို 'လွန်း'ကို သခင်လေးက မချစ်၍ မုန်း၍ ထိုကဲ့သို့ ဆက်ဆံသည် မဟုတ်ခဲ့ပါ။
'လွန်း'သည် အမြဲ အားငယ်နေတတ်ကာ ယောက်ျားပီပီသသ မရှိရှာ၍ အားမလိုအားမရဖြစ်နေခဲ့ခြင်းသာ ဖြစ်သည်ကို
'နက်ရှိုင်း' အသိဆုံးဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Jul 12, 2023 ⏰

Add this story to your Library to get notified about new parts!

&quot;LOVE(💙)-SEX(🖤)=( ?? )&quot;Where stories live. Discover now