<Unicode>
"LOVE(💙)-SEX(🖤)=( ??)"
🍁🍁🍁🍁🍁🍁🍁🍁🍁🍁---------------PART(3)-------------
🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤(3-🍁ကျွန်တော်ဟာ Gayတစ်ယောက်ပါ!)
............ညနေ(6)နာရီခွဲခဲ့ပြီ..........!!!
မင်္ဂလာ အခမ်းအနားစဖို့ နာရီဝက်ခန့်သာ
လိုတော့သည်...သို့သော် "လွန်း"ကို လာကြိုသူ
တစ်ယောက်မျှ ရှိမနေသေးပါ...အနက်ရောင် အနောက်တိုင်းဝတ်စုံလေးက သူကိုယ်တိုင်းနှင့် ကွက်တိဖြစ်နေကာ "လွန်း"ကို စမတ်ကျကျ ခန့်ညားနေစေသည်....
ကိုယ်လုံးပေါ် ကနုတ်ဘောင်သွင်း မှန်ချပ်ကြီးပေါ်တွင် ပေါ်နေသော မိမိပုံရိပ်ကို
"လွန်း"ကြည့်နေမိသည်....တကယ်ဆို "သူရဇ္ဇလွန်း"ဆိုသည်မှာ "ဦးသူရဇ္ဇ"နှင့် "ဒေါ်နန်းနဒီ"တို့၏ အချစ်ရဆုံး
အယုယအခံရဆုံး သားငယ်လေးသာ ဖြစ်သည်...အမွှာအမဖြစ်သူ "နဒီရွှန်း"ကအစ တစ်အိမ်လုံး၏
သဲကျော်လေး ဖြစ်ခဲ့ရသူ "လွန်း"သည် မွေးကင်းစ
မိခင်ဝမ်းထဲမှ ကျွတ်စဉ်ကတည်းကပင် ဓာတ်ကင်ခြင်း သွေးသွင်းရခြင်းများစွာနှင့်အတူ ကလေးသီးသန့်ဆောင်တွင် အထူးကြပ်မတ်ကုသ
ပြီး အသက်လုခဲ့ရသော ကလေးငယ်တစ်ဦး
ဖြစ်ခဲ့သည်...အမေမရှိလျှင် မငိုသော်လည်း အမဖြစ်သူကိုတော့
အပျောက်မခံတတ်ပါချေ....အမဖြစ်သူ"ရွှန်း"ကို မတွေ့ရလျှင် အာခေါင်ခြစ် အော်ငိုနေတတ်ပြီး အမဖြစ်သူနှင့်သာ အတူတူ ထားပေးလိုက်လျှင် နို့ဆာ၍ပင် ငိုယိုပြီး မတောင်းတတ်ကာ ထူးခြားသော ကလေးတစ်ဦးအဖြစ် မွေးဖွားလာခဲ့ခြင်းသည် "လွန်း"နှင့် မမတို့၏ ကံကြမ္မာပင်လော....???
အရွယ်လေးနည်းနည်း ရောက်လာလေလေ
"နဒီယွန်း"က ဖအေတူသမီးဖြစ်ကာ အရပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်းနှင့် သန်မာလှပလာသလောက် "လွန်း"ကတော့
အမေဖြစ်သူနှင့် ပို၍တူကာ ဖြူဖြူသွယ်သွယ်လေးနှင့် အမဖြစ်သူကို
အရပ်ကလေးက အစ အမှီခဲ့ပါချေ...သို့သော် ယခုချိန်ထိ မျက်နှာနှစ်ခုကတော့ ခွဲရခက်
လောက်အောင် တူညီနေဆဲပင်ဖြစ်သည်...
YOU ARE READING
"LOVE(💙)-SEX(🖤)=( ?? )"
Romance"ရုပ်ချင်းခွဲမအောင် တူလွန်းတဲ့ အမွှာမောင်နှမ "လွန်းနဲ့ရွှန်း.." တတ်ကြွဖျတ်လတ်ပြီး အမြဲသန်မာတဲ့ အမျဖစ္သူ "ရွှန်း"နဲ့ ကျန်းမာရေးချူချာကာ အားနည်းလှတဲ့ "လွန်း".... လက်ထပ်ဖို့အတွက် သဘောမတူပေမဲ့ အမွေနဲ့ စည်းစိမ်ကို လိုချင်ခဲ့တဲ့ "ရွန်း"က "လွန်း"ကို သူမပါဟ...