Ep.2(uni)

359 33 4
                                    

အားလုံးမေ့မေ့ပျောက်ပျောက်ဖြစ်နေတဲ့အချိန်Rubyဆိုတဲ့ကောင်မလေးကChuကိုစိတ်အနှောက်ယှက်ပေးပြန်ပြီ။အဲ့Rubyဆိုတဲ့ကောင်မလေးကဘယ်ကမှန်းလဲchuမသိပါ။chuလိုလူချစ်လူခင်ပေါတဲ့လူတစ်ယောက်ကိုဘာအငြိုးနဲ့များစိတ်ဒုက္ခပေးနေတာလဲမသိတော့ပါ။

အခုလိုရုံးပိတ်ရက်မှာChaeyoungနဲ့ပျော်ပျော်ရွှင်ရွှင်အတူတူမုန့်စားထွက်လာကြပြီးကားပါကင်ဆီကိုအပြန်မှာ စိတ်ညစ်စရာကကြိုနေသည်။Chuရဲ့အဖြူရောင်ကားကိုဆေးရောင်စုံတွေနဲ့ခြယ်သွားတာမြင်လို့မှမကောင်း ဘယ်သူလက်ချက်ဆိုတာလဲရှငိးပါတယ်။ အနက်ရောင်ဆေးရောင်စာတန်းကြီးနဲ့ Rubyဆိုတဲ့နာမည်ကအထင်သား။

ဘေးပတ်၀န်းကျင်ကိုကြည့်တော့လဲ ကားများသာရှိပြီးအားလုံးကတိတ်ဆိတ်လျက်။စိတ်ပျက်လက်ပျက်နဲ့ကားဘီးကိုကန်ပြီးဆံပင်တွေကိုစိတ်ရှုပ်စွာသပ်ပြီးတောက်ခေါက်တော့
"စိတ်လျော့ပါ Chuရယ် ဟိုတစ်လောကပြောတဲ့တစ်ယောက်ပဲမလား ဘာလို့များChuကိုသူကစိတ်ညစ်အောင်လုပ်ရတာလဲကွာ Chaeyoungပဲကားမောင်းခဲ့မယ်
ဒီနေ့တော့ chuအိမ်မှာအိပ်မှာမို့ အိမ်ရောက်မှပဲဆက်မေးတော့မယ် အခုတော့စိတ်လျော့တော့နော်"လို့ပြောတဲ့Chaeyoungကြောင့်စိတ်ကိုလျော့ကာကားထဲ၀င်ထိုင်လိုက်ပေမဲ့ စိတ်ထဲကနေ Rubyဆိုတဲ့တစ်ယောက် မကျေနပ်ချက်တွေနဲ့မေတ္တာမို့ပစ်လိုက်သည်။

မျက်စိရှေ့ကကားအဖြူရောင်လေးပျောက်သွားမှ တပ်ထားတဲ့မျက်မှန်အမဲကြီးကိုချွတ်ကာဆံပင်သပ်ရင်းကားထဲကနေ တစ်ချက်ရယ်လိုက်သည်။Jisooဆိုတဲ့အမျိုးသမီးကိုစိတ်တိုအောင်ဒေါသထွက်အောင်လုပ်လိုက်ရတဲ့အတွက်စိတ်ထဲမှာပျော်ရွှင်နေတာအမှန်ပင်။ဘာကြောင့်မှန်းရယ်မသိ jisooစိတ်ရှုပ်သွားတာမြင်ရရင်Jennieပျော်သည်။သေချာတာတစ်ခုကjisooဆိုတဲ့အမျိုးသမီးက ပုံထဲကထက် အဆပေါင်းများစွာချောပြီး ထူးခြားတဲ့အသဲပုံနှုတ်ခမ်းကိုပိုင်ဆိုင်ထားတာပင်။

"Chaeyoungရေ မပြီးသေးဘူးလား ရုံးတက်ချိန်နောက်ကျတော့မယ်နော်။နောက်ကျမှနိုးတဲ့လူတောင်အကုန်ပြီးပြီ။စောစောနိုးပြီးဘာတွေလုပ်နေတာလဲ စားသလောက်မ၀တဲ့ခန္ဓာကိုယ်ပိုင်ဆိုင်ထားတယ်ဆိုတဲ့သူဆိုတော့အခုထိမီးဖိုချောင်ထဲကနေထွက်မလာတော့ဘူးလား ဖိုင်တွေအကုန်ယူသွားပြီးနော် လူပဲမြန်မြန်လာတော့ ကားထဲကနေစောင့်နေမယ် မြန်မြန်လာနော်။"
ကားထဲရောက်ပြီးမိနစ်အနည်းငယ်သာကြာသွားတယ် Chaeyoungကထွက်မလာသေးတာကြောင့် ဟွန်းကိုဆက်တိုက်တီးလိုက်တော့မှစူပုတ်ပုတ်နဲ့လက်ထဲကလဲမုန့်တွေနဲ့ထွက်လာပြီးကားထဲ၀င်ထိုင်ကာ
"CEOကြီးရယ် တစ်ခါတစ်လေလေးနောက်ကျတာဘာဖြစ်သွားမှာမို့လဲ။CEOနောက်ကျရင်ဘယ်သူမှဆူမဲ့သူမရှိပါဘူးနော်။စတော်ဘယ်ရီနဲ့ပန်းသီးကိုရေသေချာဆေးပြီးChuအတွက်ပါပိုထည့်နေတာမို့ကြာသွားတာ စတော်ဘယ်ရီအရမ်းကောင်းလွန်းလို့လေ စားကြည့်ဦး"ဆိုကာ ပါးစပ်ထဲလာထည့်တာကြောင့် စားကြည့်လိုက်တော့လဲတော်တော်ကောင်းတာမို့ Chaeyoungဘက်သို့လှည့်ကာပြုံးပြတော့ Ma Chaeyoungရဲ့မျက်စောင်းပြန်ထိုးခံရလေရဲ့။

 💜Love Knot💜Where stories live. Discover now