Ep.6(uni)

408 26 4
                                    

                 တစ်သက်လုံးသူများအပေါ် စိတ်နဲ့တောင်မယုတ်မာဘူးတဲ့ငါက နင့်​အတွက်နဲ့မို့လူတစ်ယောက်အပေါ်မကောင်းကြံမိခဲ့ပြီ။နင်စိတ်ချမ်းသာဖို့တစ်ခုထဲအတွက်နဲ့နင့်လုပ်ရက်တွေမှားနေတာသိသိရက်နဲ့ တားမရတဲ့ငါအတွက်ကတော့နင်စိတ်ချမ်းသာဖို့အရေး ငါအရေးလို့သတ်မှတ်ကာလုပ်မိခဲ့ပြီ။နင့်ကိုလဲအထိခိုက်မခံနိုင်သလို သူတို့ကိုလဲအထိခိုက်ခံလို့မဖြစ်ဘူး။အထူးသဖြင့်အခုခေါ်လာမိတဲ့သူကိုထိခိုက်နာကျင်အောင်လုပ်ရင် နင့်ကိုထိခိုက်နာကျင်အောင်ပြန်လုပ်မဲ့သူရှိနေတာကြောင့်မို့ပင်။

             
                   
                     ခြံဝင်းထဲကား၀င်လာတာကိုပြတင်းပေါက်ကနေမြင်ရတာမို့ လေးလံနေတဲ့စိတ်ကိုလျော့ပြီးလိုက်ကာတွေကိုချကာပြတင်းပေါက်တံခါးကိုပိတ်လိုက်သည်။အိပ်ယာပေါ်မှာသတိပြန်မရသေးတဲ့ကောင်မလေးကိုကြည့်ကာ သက်ပြင်းချရင်းအခန်းတံခါးကိုဖြေးဖြေးလေးပိတ်ကာအောက်ထပ်ကိုခပ်မြန်မြန်ပြေးဆင်းမိတော့သည်။


                တံခါးပေါက်မှာဖိနပ်ချွတ်နေတဲ့သူကကျမကိုတွေ့တာနဲ့ ''သူရော သူရော´´
ဆိုပြီးမေးနေတာ ဘယ်လောက်တောင်စိတ်လှုပ်ရှားနေတယ်ဆိုတာသူကိုယ်တိုင်ရောသိရဲ့လားမသိ။ ''စီးထားတဲ့ဖိနပ်ကိုပဲ သေချာချွတ်လိုက်ပါဦးဟာ  နင့်ကိုကြည့်ရတာ ငါတောင်မောလာသလိုပဲ ဖိနပ်ချွတ်ပြီးရင် ဧည့်ခန်းထဲလိုက်ခဲ့လို့´´ပြောပြီး ကျမကပဲရှေ့ကနေ ဦးဆောင်ခေါ်လာခဲ့ရတော့သည်။

                   လက်ထဲကကားသော့ကို စားပွဲပေါ်တင်ရင်းကျမနဲ့မျက်နှာချင်းဆိုင်မှာထိုင်ရင်း
''သူရော   နင်ခေါ်လာတဲ့အချိန် ပတ်၀န်းကျင်မှာဘဟ်သူတွေနင့်ကိုတွေ့သေးလဲ
နင့်ကိုသာတစ်ယောက်ယောက်တွေ့သွားရင် နင်ထိခိုက်မှာငါမလိုလားဘူး။ နင့်ကိုသာခိုင်းရတာ ငါစိတ်ဖြောင့်တာမဟုတ်ဘူး နင့်ဆီကမက်ဆေ့ရမှသာ ငါစိတ်အေးသွားတာ အစကတော့ငါမနက်မှလာမလို့ပဲ   မနက်ထိကိုငါမစောင့်နိုင်လို့  ချက်ချင်းထွက်လာခဲ့တာ Lisa။´´

  
          ဟိုကောင်မလေးကိုကားပေါ်တင်ပြီးတာနဲ့ ငါခေါ်လာခဲ့ပြီလို့ မက်ဆေ့ပဲပို့လိုက်တာ ညတွင်းချင်းသူရောက်လာမယ်ဆိုတာLisaကြိုသိနေခဲ့ပါတယ်။ဘာကြောင့်လဲလို့မေးရင် ငယ်ငယ်လေးတည်းကခင်မင်ခဲ့တာပဲ သူအကြောင်းအသိဆုံးလူသားကိုပြပါဆိုရင် Lisaဆိုတဲ့ကျမအပြင်တစ်ခြားသူမရှိပါ။

 💜Love Knot💜Where stories live. Discover now