Ep.4(uni)

323 34 4
                                    

                ပါးရိုက်ခံတဲ့နေ့ပြီးကတည်းKim Jisooဆိုတဲ့အမျိုးသမီးကိုJennieမဆက်သွယ်ဖြစ်ဖူးဆိုတာထက်မနှောက်ယှက်ဘူးဆိုတာပိုမှန်တယ်။မပတ်သက်ပဲနေတော့မှာလားဆိုတော့လဲမဟုတ်ပါ။သူ့ဘ၀ကြီးဘယ်လိုပြောင်းဆန်အောင်လုပ်ရမလဲဆိုတာကိုအိမ်မှာနေရင်းအစီစဥ်ဆွဲနေခြင်းဖြစ်သည်။အခုရက်ပိုင်းLisaနဲ့လဲမတွေ့ဖြစ်ပါ။ပါးရိုက်ခံရပြီးနောက်နေ့မှာသိလိုက်တာကJisooဆိုတဲ့အမျိုးသမီးကိုထိခိုက်နာကျင်အောင်လုပ်ရတာထက်သူ့တန်ဖိုးထားတဲ့အရာတွေကိုထိခိုက်အောင်လုပ်ရတာက Kim Jisooကိုပိုမိုနာကျင်မှာအမှန်ပါပဲ။

                     ဆေးရုံမှာပြသနာတက်ပြီးတဲ့နောက်ပိုင်းမှာJennieကိုChuပတ်၀န်းကျင်မှာအရိပ်ယောင်တောင်မတွေ့ရသလို ဖုန်းလဲဆက်မလာတာကြောင့် စိတ်ချမ်းသာရမလားအောင့်မေ့ပါတယ်။တစ်နေ့တစ်မျိုးမရိုးနိူင်အောင် Chuဆီဘာလို့ပန်းပေါင်းစုံပို့နေတာလဲဆိုတာမခန့်မှန်းတတ်တော့ပါ။နည်းနည်းလေးမှChuကိုစိတ်အနှောက်အယှက်ဖြစ်အောင်မလုပ်ရရင် စားလို့မ၀င်ဘူးလားမသိ။သူပို့တယ်ဆိုတာChuနဲ့Chaeyoungသာသိသည်။ကျန်တဲ့သူတွေကမသိကြသောကြောင့်သို့လောသို့လောတွေ​ပြောနေကြတာလဲပြန်ကြားရပါတယ်။သူလုပ်တာနဲ့ရည်းစားမရှိတဲ့Chuတောင်သူ့ကျေးဇူးကြောင့်ရည်းစားရမဲ့ကိန်းပေါက်နေပြီ။ဘယ်လိုကလေးမလေးများမသိပါဘူး။

             အခုတလောChaeyoungရောChuပါအလုပ်ရှုပ်နေကြတယ်။ဘာလို့လဲဆိုရင်ကုမ္ပဏီတံဆိပ်နဲ့ပထမဆုံးထုတ်ထားတဲ့အိတ်ကထွက်လာပြီး၁ပတ်အကြာတွင်ရောင်းထွက်ကုန်သောကြောင့်နောက်ဒီဇိုင်း၃မျိုးလောက်ပြန်ထုတ်ဖို့လုပ်နေသောကြောင့်ဖြစ်သည်။Chaeyoungကို၁လလောက်အိမ်မှာနေခိုင်းသော်လဲ အိမ်မှာနေရတာပျင်းတယ်ဆိုပြီး၁ပတ်လောက်သာကောင်းကောင်းအနားယူပြီး အလုပ်ပြန်ဆင်းသောကြောင့်Chuလဲဘာမှမပြောနိူင်တော့။Car Accidentဖြစ်ပြီးကတည်းကChuပါမှသာChaeyoungကိုအပြင်သွားရမယ်ပြီးပြောထားသောကြောင့်သူဘယ်သွားသွားChuပါမှရသည်။

                    "မြန်မြန်ဆင်းခဲ့တော့ Chuရာ
ရုံးကပြန်လာကတည်းက ဒီညအပြင်မှာညစာသွားစားမယ်လို့ပြောတာ အခုထိကိုဆင်းမလာသေးဘူးလားကွာ Chaeyoungဗိုက်အရမ်းဆာနေပြီ  ဆင်းမလာရင်လဲ ကိုယ့်ဘာသာပဲကားမောင်းသွားတော့မယ်"။

 💜Love Knot💜Donde viven las historias. Descúbrelo ahora