Ep.7(uni)

642 58 23
                                    

ရုံးခန်းတံခါးဖွင့်ဖွင့်ချင်း စားပွဲမှာပေါ်ပန်းစည်းကိုတွေ့တာမို့ ရှေ့ကိုတိုးမဲ့ခြေလှမ်းတို့ကအလိုလိုရပ်မိသား။ပန်းကိုမြင်ရုံနဲ့ဘယ်သူပို့တယ်ဆိုတာသိတာမို့ပိုပြီးတော့တောင်ရှေ့ဆက်မလှမ်းချင်ပေမဲ့လုပ်စရာအလုပ်တွေရှိနေသေးတာမို့သက်ပြင်းချရင်းသာစားပွဲပေါ်မှာရှိတဲ့ပန်းစည်းနဲ့အတူတူစာတစ်စောင်ရှိနေတာမို့ကောက်ဖတ်လိုက်ရင်းဒေါသတွေကိုထိန်းမရခဲ့။ပန်းစည်းကိုတံခါးပေါက်ကိုပစ်ပေါက်ရင်းလက်ထဲကစာကိုစုတ်ဖြဲပစ်လိုက်သည်။ဒါတွေဖြစ်လာရတဲ့အကြောင်းရင်းကChaeyoungကိုတစ်ယောက်ထဲလွှတ်လိုက်မိတဲ့Chuအပြစ်တွေကစ၏။

အဲဒီနေ့ကသာChaeyoungနဲ့အတူတူလိုက်သွားဖြစ်ခဲ့ရင်ဒီနေ့လိုမျိုးရက်ဆိုတာရှိလာခဲ့မယ်မထင်ခဲ့ပါ။သူတို့လက်ထဲမှာရှိနေတဲ့Chaeyoungတစ်ခုခုဖြစ်မှာမလိုလားတာမို့အဲ့နေ့တုန်းကဟိုမိန်းမပြောတာမှန်သမျှလိုက်လျောပေးခဲ့မိတာ။ဘာရန်ငြိုးရန်စမှမရှိပါပဲနဲ့ Chuအပါအ၀င်Chaeyoungကိုပါဒုက္ခပေးတဲ့ဟိုမိန်းမ  မျက်နှာချင်းဆိုင်ပြီး ဘာကြောင့်အခုလိုလုပ်ရတာလဲလို့ အော်ဟစ်ပြီးမေးမိတော့ ကြောက်ဖို့ကောင်းတဲ့အပြုံးနဲ့ Chuမျက်လုံးကိုတည့်တည့်ကြည့်ပြီးပြောတာက "ရှင့်ကိိုသိပ်ချစ်မိသွားလို့ ရှင့်ကိုပိုင်ဆိုင်ချင်လွန်းလို့"တဲ့လေ။

အိပ်ပျော်နေရာကနေလန့်နိူးလာတာကြောင့် လက်မှာပတ်ထားတဲ့နာရီကိုကြည့်တော့၉နာရီထိုးဖို့၁၂မိနစ်သာလိုတော့သည်။Chaeyoungပြန်ရောက်လောက်ရောပေါ့။ရေဆာသလိုရှိတာမို့ အောက်ထပ်ကိုဆင်းလာပြီးရေသောက်ပြီးအပြန် Chaeyoungအခန်းကိုကြည့်တော့တံခါးကဖွင့်ရက်သား ခြံထဲကိုကြည့်တော့လဲကားကရှိမနေပြန်။ဒါဆိုပြန်မရောက်သေးတာပေါ့။ပြန်ရောက်ချိန်ထက်အဆပေါင်းများစွာနောက်ကျနေတာမို့ စိုးရိမ်စိတ်နဲ့အတူအိမ်ပေါ်သို့ပြေးတက်ကာ အိပ်ယာပေါ်မှာရှိတဲ့ဖုန်းကိုယူပြီးဆက်တော့ Chaeyoungကိုလုံး၀ခေါ်လို့မရ။မာမီဆီကိုဆက်ကြည့်တော့ပြန်သွားတာကြာပြီ အခူထိပြန်မရောက်သေးတာလားဆိုပြီးပြန်မေးလာတာကြောင့်  နဂိုကတည်းကမှဖိစီးမှုတွေအရမ်းများနေတဲ့မာမီကိုအမှန်တိုင်းမပြောလိုတာ​ကြောင့် ပြန်ပြီးထွက်သွားတာမို့ မာမီဆီများထပ်လာဖြစ်သေးလားမေးတာဟုပြောကာဖုန်းအမြန်ချလိုက်သည်။လိုရမယ်ရ ရဲစခန်းကိုအကြောင်းကြားထားတာမမှားဘူးထင်တာကြောင့် ကားသော့တစ်ခုကိုယူပြီး ကားဂိုဒေါင်ကိုအသွား ဖုန်းနံပါတ်အစိမ်းတစ်ခု၀င်လာတာကြောင့်ကိုင်ရကောင်းမလား
မကိုင်ပဲနေရမလားစဥ်းစားမနေတော့ပဲ ဖုန်းကိုင်လိုက်တော့ တစ်ဖက်ကြားရတဲ့အသံက Chuကိုစိတ်ဒုက္ခခဏခဏပေးနေတဲ့Jennieအသံဖြစ်နေတာ​မို့အခုလိုအချိန်မျိုးမှာသူ​ကြောင့်နဲ့စိတ်မတိုချင်တာမို့Chuဘက်ကနေသူ့ထက်အရင်ဦးအောင်

 💜Love Knot💜Tempat cerita menjadi hidup. Temukan sekarang