Ep.3(uni)

325 29 2
                                    

"JN"ဆေးရုံဆိုတာ မသိသူမှမရှိတာ။လူနာတွေအပေါ်နွေးထွေးစွာဆက်ဆံပေးတဲ့ဆရာ၀န်တွေရယ်၊ငွေကြေးအခက်အခဲဖြစ်တဲ့လူနာတွေအပေါ်မှာဆိုလဲတော်ရုံတန်ရုံငွေကြေးမယူ၊ဒီလိုသတင်းတွေနဲ့နာမည်ကြီးတဲ့ဆေးရုံကို Chuမသိစရာမှမရှိတာ။ ဆေးရုံထဲကားမောင်းပြီး ကားရပ်ရမဲ့နေရာကားရပ်ကာမြင့်မားတဲ့ဆေးရုံအဆောက်အဦးကြီးကိုကြည့်ပြီး chuဘယ်ကနေဘယ်လိုသွားရမယ်မသိတာကြောင့် ပတ်၀န်းကျင်ကိုကြည့်တော့လဲ ရပ်စောင့်မယ်လို့ပြောတဲ့ထိုကောင်မလေးကိုမတွေ့တာကြောင့်ကားထဲမှာကျန်ရစ်ခဲ့တဲ့ဖုန်းပြန်ယူကာကားတံခါးပိတ်ပြီး
လမ်းလျှောက်နေစဥ် အနောက်မှာလူတစ်ယောက်ရှိနေသလိုခံစားရတာကြောင့် နောက်သို့လှည်ကြည့်လိုက်တော့ တစ်ကိုယ်လုံးအနက်ရောင်အ၀တ်အစားတွေ၀တ်ထားပြီးမျက်မှန်အမဲကြီးတပ်ကာ လူကိုလက်ပိုက်ပြီးကြည့်နေသောထိုကောင်မလေးကို chuကြောင်ပြီးကြည့်နေမိသည်။


ဆေးရုံထဲသူ၀င်လာကတည်းကJenသိပါတယ်။ဘာလို့သိနေတာလဲဆိုရင်အဖြေကရှင်းပါတယ်။Jenသူ့အကြောင်းတွေစုံစမ်းထားလို့ပါပဲ။ကားရပ်ပြီးဟိုကြည့်ဒီကြည့်လုပ်နေတာသိလို့သူ့ကိုသွားခေါ်မလို့သွားကာမှ သူကကားဆီတစ်ခေါက်ပြန်သွားတော့Jenသူ့နောက်ကနေလိုက်သွားပြီး သူကိုလက်ပိုက်ကြည့်နေမိသည်။Jisooဆိုတဲ့အမျိုးသမီးကလူကိုကြောင်ပြီးကြည့်နေတာကြောင့်Jenလဲသူ့အရှေ့ကိုတပ်ထားတဲ့မျက်မှန်ကိုချွတ်ကာ


"ခုနကရှင့်ကိုဖုန်းဆက်တဲ့သူပါ။Kim Jennieလို့ခေါ်ပါတယ်။တစ်နည်းအားဖြင့် Roseဆိုတဲ့အမျိုးသမီးဆေးရုံပေါ်ရောက်အောင်လုပ်မိတဲ့သူဆိုပါတော့။အခုကျမနောက်လိုက်ခဲ့ပါ"

ပြောပြောဆိုဆိုနဲ့ရှေ့ကနေထွက်သွားတဲ့သူနောက်Chuအမြန်လိုက်ရသည်။Chaeyoungဘာမှမဖြစ်ပါစေနဲ့လိုပဲဆုတောင်းတယ်။ Chaeyoungသာကြီးကြီးမားမားဒဏ်ရာရခဲ့ပါက Kim Jennieထိုအမျိုးသမီးမလွယ်ဘူးလို့သာမှတ်ထားလို့စိတ်ထဲကနေကြိမ်းဝါးရင်းခပ်မြန်မြန်သူ့နောက်ကိုလိုက်ရင်း ထိုအမျိုးသမီးကအခန်းတစ်ခုရှေ့အရောက်မှာခြေထောက်တစ်စုံကိုရပ်လိုက်ရင်း Chuဘက်ကိုကြည့်ကာ အခန်းကိုမေ့ငေါ့ပြသောကြောင့် ထိုအခန်းမှာChaeyoungရှိနေတယ်ဆိုတဲ့အသိကြောင့် ရှေ့ကနေဖယ်မပေးပဲရပ်နေတဲ့ထိုအမျိုးသမီးရဲ့လက်မောင်းကို၀င်တိုက်ကာအခန်းတံခါးဖွင့်ဖွင့်ခြင်းမြင်လိုက်ရတဲ့မြင်ကွင်းကChuရင်ထဲမကောင်း။နည်းနည်းလေးခိုင်းမိရင်တောင် ငိုတတ်တဲ့ကောင်မလေးကအခုခေါင်းနဲ့ညာဘက်လက်မှာပတ်တီးအဖွေးသားထိုင်နေလျှက်Chuကိုမြင်တော့ငိုမဲ့မဲ့ဖြစ်နေတာကြောင့်Chaeyoungဆီအမြန်သွားကာဖက်ထားရင်း ဒီလိုဖြစ်အောင်လုပ်တဲ့Kim Jennieကိုအမှုန့်ကြိတ်ပစ်ချင်နေမိတော့သည်။
Chaeyoungကိုဖက်ထားရာမှခွါကာ

 💜Love Knot💜Tempat cerita menjadi hidup. Temukan sekarang