(Unicode)
" ရှာလကာရည် ချဉ်ချိုချို "
" တကယ် !
တော်လိုက်တာ ငါ့သူငယ်ချင်လေးက
တကယ်ပါ မင်းမှ မကယ်ရင် ငါလေးဘဝဟာ မတွေးဝံ့စရာပဲ "ကျောင်းမှ ပေးထားသော ကျောင်းသားကောင်စီ အဖွဲ့ဝင်များ၏ သီးသန့် ရုံခန်းထဲတွင် ဖြစ်သည် ။
ဂျီမင်းသည် ပြုံးဖြီးနေသော မျက်နှာဖြင့် ပီတာအား ကျေးဇူးတင်စကား ဆိုနေတော့သည် ။ အကြောင်းမှာတော့ သူ၏ နေ့စဉ်လုပ်ငန်းဆောင်တာ များထဲမှ အခက်ခဲဆုံးအလုပ် ဖြစ်သည့် ဂျောင်ကုအား ရည်းစားစာ ပေး ပေးသော အလုပ်ကြောင့်ပင်ဖြစ်တော့သည် ။
သူသည် နောက်ဆုံးမှာတော့ သူ့ ညီမလေး ဂျီယွန်းအား ဖြောင်းဖျ နိုင်ခဲ့ပြီး (၂)ရက်ခြားမှ တစ်ခါ ရည်းစားစာ ပေး ပေးရသော အလုပ်ကို လုပ်ရတော့သည် ။ သို့သော်လည်း သူသည် ဒီနေ့တွင် ဂျီယွန်းပေးလိုက်သော ရည်းစားစာ စာခေါက်လေးနှင့်အတူ ထပ်ပိုဆောင်းလို့ ပန်းရောင်နှင်းဆီလေး တစ်ပွင့်ကို ထုံးစံအတိုင်းပင် ဂျောင်ကုအား မည်သို့ သွားပေးရမည် မသိပါပေ ။
ဂျောင်ကု ရှိနေသော အခန်းကို ပေါ်ပေါ်ထင်ထင် သွားပေးရင်း ဝိုင်းရိုက်ခံရမဲ့အစား သူသည် ကျားအမြှီးသာ ပြေးဆွဲလိုက်ချင်တော့သည် ။
သို့သော် အလိုက်သိတတ်သော ငယ်သူချင်းလေး ပီတာက ဂျောင်ကုအား ကောင်စီ ရုံးခန်းထဲသို့ အကြောင်းပြချက်ရှာ ကာ ခေါ်ပေးထားသည့်ဟု ပြောလာသည့်အခါ သူသည် ကျေနပ်ပျော်ရွှင်နေမိတော့သည် ။
ပီတာသည် ပြုံးရွှင်နေသော ဂျီမင်း၏ မျက်နှာကို သူ၏ လက်နှစ်ဖက်ဖြင့် ဆွဲကာညှစ်ပြီး ပြောလိုက်သည် ။
" ငါသိနေတယ်လေ
မင်းက မင်းညီမ ဂျီယွန်းကို ဘယ်လိုမှ မလွန်ဆန်နိုင်ဘူး ဆိုတာ ... အဲ့တော့ သိပ်တော်တဲ့ ငါလေးကပဲ မင်းကို ကယ်တင်ပေးရတာပေါ့ "ဂျီမင်းသည် ပီတာ၏ လက်ထဲမှ သူ၏မျက်နှာကို ရုန်းကာခါထုတ်လိုက်ပြီး ပီတာ၏ ခါးတစ်ဝိုက်ကို ဖက်ကာ သူ၏ ခေါင်းလေးကို ပီတာ့ရင်ခွင်ထဲသို့ ပါပီလေးတစ်ကောင်လို တိုးဝေ့ကာ ဝင်လိုက်လေသည် ။
ВЫ ЧИТАЕТЕ
" ကျွန်တော့်ညီမရဲ့ Crush က Gay တဲ့ ! "
ФанфикStory Title : ကျွန်တော့်ညီမရဲ့ Crush က Gay တဲ့ ! Pairing : Jungkook × Jimin Genre : Romance , Comedy , school life , Yaoi , Fanfiction Story Description : " ရယ်ချင်စရာ ဇာတ်လမ်းလေး တစ်ပုဒ် ငါအခုပြောပြမယ် ဇာတ်လမ်းလေးက ဒီလိုစတယ် ... " " ဘယ်လို စ တ...