chapter-20

4.8K 740 187
                                    

(Unicode )

" အကို့ရဲ့ ရွေးချယ်မှု "

// ဂျီမင်း နဲ့ ငါ တွေ့ခဲ့တယ် ပြီးတော့....
သူသိသွားပြီ //

ဖုန်းထဲမှ ပြောခဲ့တဲ့ ဂျင်းဂျူရဲ့ အသံဟာ သူ့နားထဲမှ မထွက်နိုင် ၊ ကျောင်းဝင်းထဲသို့ ဝင်လာသော သူ၏ ခြေလှမ်းတွေကို နှေးကွေး လေးပင်လွန်းနေခဲ့သည်။

ဂျီမင်းက သူ့ကို စိတ်ပျက်သွားမှာလား ?

ရှောင်နေတော့မှာလား ?

ငါ ဂျီမင်းကို ဆုံးရှုံးရတော့မှာလား ? ' ဆိုသော အတွေးတွေက သူ့အား တစ်ချိန်လုံး နှိပ်စက်နေခဲ့ပြီး ပထမဆုံး အကြိမ်အဖြစ် သူ ဂျင်းဂျူကို ဒေါသထွက် နေခဲ့လေသည်။

" ဟျောင့် ! ပီတာ
ဘာတွေ စဉ်းစားနေလို့ ငါ ဒီလောက် အနောက်ကနေ ခေါ်နေတာတောင် မကြားရတာလဲ "

         အနောက်မှ အရှိန်ဖြင့် ပြေးလာကာ သူ့ပခုံးကို ဖက်လို့ ဆူငေါက်လေသော ပက်ခ်ဂျီမင်းက အရင်နေ့များလိုပင် ၊ ထိုသည်က ပီတာ့ ပိုကာ အံအား သင့်စေသည် ၊ မည်သို့ မည်ပုံ ပြန်တုန့်ပြန်ရမည်မသိ ။
ဂျင်းဂျူ ဆီမှ ထိုစကားကို ကြားခဲ့ရတဲ့ ပိတ်ရက် တစ်လျှောက်လုံးမှာ သူဟာ ဂျီမင်းနှင့် မျက်နှာဆိုင်တဲ့အခါ မျိုးကို အမျိုးမျိုး အဖုံဖုံ စိတ်ကူးယဉ်ကြည့်ခဲ့သည် ၊ သို့သော် ဒီလို ပုံစံမျိုးတော့ မဟုတ်ခဲ့ ။

ဂျီမင်းရဲ့ မျက်နှာထက်မှာ ဘာမှ မပြောင်းလဲတဲ့ နေ့တိုင်း သူတစ်ဦးတည်းကိုပဲ ဂျစ်တိုက်တတ်တဲ့ ငဆိုးလေး ပင်ဖြစ်နေသေးသည်။

ဂျင်းဂျူ က သူ့အား တမင်လိမ်ပြောခဲ့တာများလား ?

ဒီကောင်မလေးကတော့ !!

" ဂျီမင်း ! ဟို...ဟို "

" ဆောရီး ငါ ဂျောင်ကုနဲ့ မနက်ခင်း မုန့်အတူတူသွားစားဖို့ ချိန်းထားလို့ အရင်သွားပြီ !
ဘေးပတ်ဝန်းကျင်ကိုလည်း ဂရုစိုက်ပြီး လမ်းလျှောက် ငါ့ကောင် !
တော်ကြာ လူကြားထဲ ချော်လဲမှ အရှက်ကွဲနေမယ် ငါသွားပြီ "

" ကျွန်တော့်ညီမရဲ့ Crush က Gay တဲ့ ! " حيث تعيش القصص. اكتشف الآن