(Unicode)
" ဗိုက်ထဲမှာ လိပ်ပြာလေးတွေ အတောင်ပံခတ်နေတယ် "
" အား .... ပင်ပန်းလို့ သေတော့မယ် "
ပီတာ သည် ကျောင်းသားကောင်စီ စုဝေးခန်းထဲရှိ စားပွဲပေါ် အားယားကြီး မှောက်ချကာ အော်ညည်း နေလေ၏ ။
ဂျီမင်းမှာတော့ သူ၏ ချွေးတွေရော ရေတွေပါ စိုကာရွှဲနေသော ကျောင်းအားကစားယူနီဖောင်း အပေါ် အင်္ကျီကို ချွတ်ကာ ဗီဒိုထဲရှိ အပိုဆောင်ထားသော တီရှပ် တစ်ထည်ကို ဆွဲထုတ် လိုက်ရင်း ပီတာ၏ စကားကို ကြားတဲ့အခါ နှာခေါင်းရှုံ့လို့ ပြောလေသည် ။
" ဘာကို ပင်ပန်းတာလဲ !
ဟိုနားမှာ လက်ညိုးလေးထိုးပြီး အော်လိုက် ... ဒီနားမှာ ကောင်မလေးတွေရှေ့ ပဲများ ပြလိုက် လုပ်နေပြီးတော့များ ! .... ငါလေးကမှ တကယ် နေပူထဲ မြက်လိုက်နှုတ်ခဲ့ရတာပါ "ပီတာသည် စားပေါ်မှ ကုန်းရုန်းထလာပြီး ပြောင်စပ်စပ် မျက်နှာဖြင့် ဂျီမင်းကို လှည့်ကာပြောလေသည် ။
" ဒါကတော့ ကိုယ့်ကုသိုလ်နဲ့ ကိုယ်ပဲလေကွာ
မတတ်နိုင်ဘူး ... ကောင်မလေးတွေကလည်း ငါ့ပဲ ဝိုင်းကြည့်နေကြတာကိုး !
မနာလို မဖြစ်ပါနဲ့ ငါ့ကောင်ရာ "ဂျီမင်းသည် အော့အန်ချင်လာတဲ့ မအီမသာ မျက်နှာကြီးဖြင့် ပြန်လည်ကာ ချေပလေ၏ ။
" မင်းဖင်ကို မနာလိုရမှာလား ??
မင်းငယ်ငယ်က မီးဖိုဘေးမှာ ရိုက်ခဲ့တဲ့ ဂွေးတိုလေး နဲ့ ပုံတွေကို ငါ ကျောင်းဝက်ဘ်ဆိုက်တ် မှာ တင်လိုက်မယ် ... စော်ကြည်နိုင်ဦးမလား စောင့်ကြည့် ! ပြီးတော့ မင်းက ဂျောင်ကု လောက်ပဲ စော်ကြည်နိုင်ဦးမလား ကွာ .... အော့ ! "" ဘာ ! ပက်ခ်ဂျီမင်း မင်း ငါ့ရဲ့ အဲ့ဒီပုံတွေကို သိမ်းထားတုန်းလား ? မင်းက နှာဘူးလား "
" လိုအပ်တဲ့ အချိန် ထုတ်သုံးဖို့ လက်နက်တွေပေါ့ကွာ "
ဂျီမင်းသည် အောင်နိုင်သူအပြုံးကြီးဖြင့် အမြင်ကတ်စရာကောင်းအောင် ပြန်ပြောနေပါတော့သည် ။
VOCÊ ESTÁ LENDO
" ကျွန်တော့်ညီမရဲ့ Crush က Gay တဲ့ ! "
FanficStory Title : ကျွန်တော့်ညီမရဲ့ Crush က Gay တဲ့ ! Pairing : Jungkook × Jimin Genre : Romance , Comedy , school life , Yaoi , Fanfiction Story Description : " ရယ်ချင်စရာ ဇာတ်လမ်းလေး တစ်ပုဒ် ငါအခုပြောပြမယ် ဇာတ်လမ်းလေးက ဒီလိုစတယ် ... " " ဘယ်လို စ တ...