(Unicode)
" ဖြစ်ခဲ့သမျှတွေ အားလုံးမေ့လိုက်ကြရအောင် အကို "
" ကျွန်တော် ....
ကျွန်တော်လည်း အကို့ကိုကြိုက်တယ် "ဂျီမင်းတစ်ယောက် ပြူးကြောင်ကြောင်လေးလေးဖြင့် ပါးစပ်ထဲ ရှိနေတဲ့ ပန်းသီးအချိုရည်ကို ဂလုကနဲ မြိုချလိုက်သည် ။ တိုက်ဆိုင်စွာပဲ သူတို့အနားသို့ ရောက်လာတဲ့ ပီတာ ခင်မျာမှာတော့ ဂျောင်ကု၏ စကားကို ကြားလိုက်ရတဲ့အခါ ပလုတ်ပလောင်း ထိုးသွပ်ထည့်ထားသော ပါးစပ်ထဲမှ ပေါင်မုန့်တို့က သီးကာ ပြန်ထွက်လာရတော့သည် ။ ဂျောင်ကု တစ်ယောက် ပီတာ အနားသို့ရောက်လာတာကို မကျေနပ်သည့်အလား ကြောင်တောင်တောင်ဖြင့် ရပ်နေသေးသော ဂျီမင်း၏ လက်ကို ဆွဲကာ ထွက်လာခဲ့သည် ။
ဂျောင်ကုက ဦးဆောင်ကာ ဆွဲခေါ်လာခဲ့သည်မှာ ကျောင်း ဘောလုံးကွင်းဘေးက
မေပယ်ပင်အိုကြီးအောက်သို့ ရောက်သည် အထိပင် ၊ ထိုအခါကျမှ ဂျောင်ကုက သူဆုပ်ကိုင်ထားသော ဂျီမင်း၏ လက်ကောက်ဝတ်ကို ဖြည်းဖြည်းချင်း လွှတ်လိုက်တော့သည် ။ဂျောင်ကု - " အာ ... တစ်ခုခုတော့ တုန့်ပြန်ဦးလေဗျာ အဲ့လောက်ထိ လန့်သွားတာလား
ဒါမှ မဟုတ် ကျွန်တော်က ပြန်ကြိုက်တယ်ဆိုတာကို မယုံကြည်နိုင် ဖြစ်နေတာလား "ဂျောင်ကုသည် ယခုချိန်ထိ မယုံကြည်နိုင်မှုနှင့် ဘယ်အချိန်ကများ အလွဲများစတင် သလဲ ဆိုတာကိုစဉ်းစားရင်း အတွေးကမ္ဘာထဲ နစ်နေသော ဂျီမင်း၏ ပခုံးကို ခပ်ဖွဖွ လှမ်းကိုင်ကာ ဆိုလိုက်သည် ။ ထိုအခါ ဂျီမင်းသည် လန့်ဖျပ်ပြီး သူ့ပခုံးကိုထိနေသော ဂျောင်ကု၏ လက်ကို ရှောင်လိုက်ကာ နောက်သို့ ခြေလှမ်း နှစ်လှမ်း သုံးလှမ်း လောက် ခွာလိုက်မိသည် ။ သူ၏ မှေးကျဉ်းသော မျက်ဝန်းလေးများက အံ့ဩထိတ်လန့်မှုကြောင့် ဝိုင်းစက်နေတော့သည် ။
ဂျီမင်း - " ညီ... မဟုတ်ဘူး ဂျောင်ကု မင်း .. မင်းနောက်နေတာမလား ဒါမှ မဟုတ် စကားပြောတာ လောပြီး ကျန်ခဲ့တာလား ' ကျွန်တော်လည်း အကို့ညီမကို ကြိုက်တယ် ' လို့ ပြောရမှာကို လောပြီး ' ကျွန်တော်လည်း အကိုကို့ ကိုကြိုက်တယ် ' လို့ ပြောမိသွားတာ မလား "
ESTÁS LEYENDO
" ကျွန်တော့်ညီမရဲ့ Crush က Gay တဲ့ ! "
FanficStory Title : ကျွန်တော့်ညီမရဲ့ Crush က Gay တဲ့ ! Pairing : Jungkook × Jimin Genre : Romance , Comedy , school life , Yaoi , Fanfiction Story Description : " ရယ်ချင်စရာ ဇာတ်လမ်းလေး တစ်ပုဒ် ငါအခုပြောပြမယ် ဇာတ်လမ်းလေးက ဒီလိုစတယ် ... " " ဘယ်လို စ တ...