(Unicode)
" ကျွန်တော်တို့ရဲ့ ပထမဆုံး အကြိမ်မလို့ "
ပိုပိုသာသာ တင်းကျပ်နေအောင် သူ၏ခါးကို ပွေ့ဖက်ထားတဲ့ ဂျောင်ကု၏ သန်မာသည့် လက်မောင်းတစ်စုံဟာ သူ့အား အသက်ရှူကြပ်ရခြင်းထက် ရင်ခုန်ရခြင်း အမှုကိုဆောင်ကြဉ်းလေသည် ။ တိတ်ဆိတ် ငြိမ်အေးသော ညလယ်ထဲ လရောင်ရယ်ဖျာလျက် ၊ သူ၏ ရင်ထဲမှာရော ဝမ်းဗိုက်ထဲမှာရော ပူနွေးကာ ယားကျိကျိ ဆန်သော ကောင်းမွန်သည့် ခံစားချက်တွေက အဆက်မပြတ် ဖြစ်ပေါ်လို့နေလေသည် ။' လူတွေ ဒါကြောင့် ရည်းစားထားကြတာနေမှာ '
ထိုအခိုက် သူ၏ လက်ပတ်နာရီမှ သေးညှင်းတဲ့ အချက်ပြုသံရယ် ထွက်ပေါ်လာပြီး ၊ ဒီတစ်နေ့၏ နောက်ဆုံး စက္ကန့်အချိန်တွေကို ရေတွက်ကာ နောက်တစ်ရက်ကူးဖို့ ပြင်နေသည် ။
ယခုအချိန်ထိ သူ့အားလွှတ်ပေးဖို့ စိတ်ကူးမရှိသေးသော ထိုကောင်လေးရဲ့ ဆံနွယ်တွေကို လက်ဖြင့် အသာပွတ်ပေးရင်း ခပ်တိုးတိုးလေး တစ်ခါထပ်ပြီး မွေးနေ့ဆုတောင်း ပေးလိုက်သည်။" Happy birthday ညီ "
အင့် !
သူ၏ စကားအဆုံးမှာ ထပ်ကာ တင်းကျပ်သွားသော လက်တစ်စုံကြောင့် ဂျီမင်း ပင့်သက်ရှိုက်လိုက်ရသည် ၊ သို့သော် မညိုငြင်မိ !
သဘောပင် ကျနေသေးသည်။ထိုကဲ့သို့ဖြင့် အချိန်ရယ် တစ်မိနစ် ၊ နှစ်မိနစ် !
ဆယ်မိနစ် ၊ ဆယ့်ငါးမိနစ်
ဒါတော့ မဟုတ်သေးဘူးမလား !!
ဘယ်အတွဲတွေက အဲ့လောက်ထိ အကြာကြီး ဖက်ထားကြလို့လဲ ?
အချိန်တော်တော်ကြာကြာ မလှုပ်မယှက်ဖြင့် ရပ်နေရသည်မို့ ခြေထောက်ညောင်းကျဥ် နေရုံမက ၊ ဂျောင်ကု၏ အရပ်ကို လိုက်ညှိကာ ရပ်နေရသည်မို့ ခါးတွေပါညောင်းနေပြီ
ဖြစ်သည် ။
သူ၏ ရင်ခွင်ထဲမှာ ငြိမ်သက်ဆဲ ၊ ဖက်ထားဆဲ ဖြစ်သော ထိုကလေးက မတ်တတ်ကြီး အိပ်ပျော်သွားသလားတောင် သံသယဝင်လာသည်မို့ အသံပြုကာ သတိပေးရတော့သည်။အဟမ်း !
" ညီ ... ဟို ကို ပြန်ရဦးမယ်လေ လွှတ်ပေးပါဦး "
ESTÁS LEYENDO
" ကျွန်တော့်ညီမရဲ့ Crush က Gay တဲ့ ! "
FanficStory Title : ကျွန်တော့်ညီမရဲ့ Crush က Gay တဲ့ ! Pairing : Jungkook × Jimin Genre : Romance , Comedy , school life , Yaoi , Fanfiction Story Description : " ရယ်ချင်စရာ ဇာတ်လမ်းလေး တစ်ပုဒ် ငါအခုပြောပြမယ် ဇာတ်လမ်းလေးက ဒီလိုစတယ် ... " " ဘယ်လို စ တ...