(Unicode)
" ဒါမင်းအတွက် သီးသန့်ပဲ "
" ဘာ !!! တကယ်ကြီးလား "
ပီတာ၏ အာမေဋိတ်အသံသည် ကျောင်းသားကောင်စီ အခန်းကျဉ်းလေးထဲမှာ ကျယ်လောင်စွာထွက်ပေါ်လာလေတော့သည်။ ဂျီမင်းသည် အာကျယ်လွန်းလှတဲ့ ထိုကျောင်းသား ဥက္ကဌ ၏ နောက်ပိုးကို တစ်ချက်ရိုက်လိုက်ပြီး အသံလျှော့ဖို့ ဆိုလေသည် ။
ပီတာ : " တကယ်ကြီး ငါ့ညီနဲ့ ရစ်လုံးမ တွဲနေတာ?"
ဂျီမင်း : " မင်းလေသံကို လျှော့လို့ ပြောနေတယ်လေ "
ဂျီမင်းသည် အံကြိတ်ကာ သွားကြားထဲကလေသံဖြင့် ပီတာ့အား ကြိမ်းဝါးလိုက်သည် ။ သူ၏ မျက်နှာလေးဟာလည်း အနည်းငယ် ရှက်သွေးသွမ်းနေသေး၏ ။
ပီတာ : " ဘယ်ကနေ ဘယ်လိုတွေ ဖြစ်ကုန်တာလဲကွ ! ပိုပြီး လန့်ဖို့ကောင်းတာက ငါ့ညီပဲ
တစ်ချိန်လုံး ဂျောင်ကုကို အဆင့်ကျော်နိုင်ဖို့ အသေအလဲ စာပဲလုပ်နေတဲ့ ငထုံကလေ "ဝီလျံဟာ စာတော်ပြီး ဉာဏ်ကောင်းသော ကလေး ဖြစ်သော်လည်း သနားစရာ ကောင်းသည်က သူသည် ဂျောင်ကုနှင့် တစ်တန်းတည်း ၊ တစ်ခန်းတည်း အတူ ရှိနေရခြင်းပင် ၊ သူ၏ အဆင့်တစ်ရဖို့ အခွင့်အရေးတွေအားလုံးကို ဂျောင်ကုက အားလုံး အရှေ့ကနေ ပိတ်ကာ ယူထားခြင်းကြောင့် ဖြစ်လေသည် ။
ပီတာပြောသော စကားလုံးများထဲတွင် ' ဂျောင်ကု ' ဆိုသော နာမည်ကို ကြားလိုက်ရတဲ့အခါ ဂျီမင်း၏ ငြိမ်သက်နေသော အတွေးရေကန်လေးထဲ ခဲတစ်လုံး ပစ်ချခံလိုက်ရသည့်နှယ် ယောက်ယတ်ခတ် သွားရပြီး ၊ အနည်းငယ်တုန်ယင် သွားသော နှလုံးသားလေးဟာ သူ့အား ခြောက်လှန့်နေတော့သည် ။
ငြိမ်သက်သွားသည့် သူ့အား ပီတာက မျက်လုံးပြူးကြည့်လာမှ အမူအရာပြန်ထိန်းရင်း စကားဆက်ရတော့သည် ။ဂျီမင်း : " အေးပေါ့ကွ ! ဝီလျံကတော့ စာကလွဲပြီး ဘာမှ မသိတဲ့ ရေခဲတုံးလေး
ဒါပေမယ့် တစ်ဖက်လူက ငါ့ညီမ စပ်စလူး
ဂျီယွန်းပါဆို မင်းနားလည်လိုက်တော့ပေါ့ "
VOUS LISEZ
" ကျွန်တော့်ညီမရဲ့ Crush က Gay တဲ့ ! "
FanfictionStory Title : ကျွန်တော့်ညီမရဲ့ Crush က Gay တဲ့ ! Pairing : Jungkook × Jimin Genre : Romance , Comedy , school life , Yaoi , Fanfiction Story Description : " ရယ်ချင်စရာ ဇာတ်လမ်းလေး တစ်ပုဒ် ငါအခုပြောပြမယ် ဇာတ်လမ်းလေးက ဒီလိုစတယ် ... " " ဘယ်လို စ တ...