ရိပေါ်တို့အချစ်ခရီးလေးဟာ အခုအချိန်ထိတော့ အေးအေးဆေးဆေးလေးပဲ
ကုန်ဆုံးလို့နေတယ်။
ဒါပေမယ့် ကံကြမ္မာက သူတို့နှစ်ယောက်ကို ကြည်စားဖို့အလှည့်ကျလာခဲ့ပြီ။ရှောင်ကျန့် အထက်တန်းပြီးတော့
ပါးက company ကိစ္စနဲ့ ပြည်ပသွားဖို့
အကြောင်းဖန်လာတယ်။"ပါး မသွားလို့မရဘူးလား
ဒီကနေပဲ အလုပ်လုပ်လေ""မရလို့ပေါ့သားရယ်
ကုမ္ပဏီ အခွဲမို့အစကတည်းက တင်းကြပ်ထားမှရမယ်လေ ပြီးတော့""ပါးကလည်း ကုမ္ပဏီအခွဲကို ဘာလို့ အဲ့မှာသွားဖွင့်ရတာလဲဗျာ"
"ဒါကတော့သားရယ် လုပ်ငန်းချဲ့ထွင်ရတာပေါ့ "
"အာ့ဆိုလဲ သားကဒီမှာပဲနေခဲ့တေ့မယ်လေ"
"ပါးကသားကို တစ်ခါတည်း အလုပ်တွေသင်ပေးချင်လို့ခေါ်တာပါသားရယ်"
"မား သားနေခဲ့မယ်လို့ ပြောပေးပါအုံးပါးကို"
"သားကျန့် မားလည်း မင်းအဖေသဘောကိုလက်ခံတယ်"
"ဟာဗျာ"
ရှောင်ကျန့် စိတ်ရှုပ်စွာနဲ့အပေါ်ကိုတက်လာခဲ့တယ်။
ကလေးကိုလွမ်းနေတော့မှာပဲ ။
ဟုတ်တယ် ငါကလေးကိုသွားတွေ့ရမယ်။......................................................
ရိပေါ်ကတော့ ကိုကိုနဲ့အတူ ဖြတ်သန်းရမယ့်ဘဝကို စိတ်ကူးနဲ့ ပုံဖော်လို့နေတယ်။
နောက်နှစ်ဆို သူ အထက်တန်းရောက်ပြီ
ကိုကိုကတော့ တက္ကသိုလ် ကျောင်းသားကြီးဖြစ်ပြီပေါ့။
ဟွန်းး တွေးရင်းနဲ့ ကိုကို့ကို စိတ်မချဖြစ်လာပြီ ဟိုကမမလှလှတွေနဲ့တွေ့ရင်
ကိုကိုစိတ်ပြောင်းသွားမလား
ဟာ... မဟုတ်တာ ကိုကိုက အပြောင်းအလဲမြန်တဲ့လူမဟုတ်ဘူး
ငါကို့ကို့ကိုယုံတယ် . .အင်း။Ring...Ring...Ring
"ဟာ ကိုကိုပဲ "
"ဟယ်."
"ကလေး ကိုယ်အိမ်ရှေ့မှာ ကလေးပါးပါးရှိလား"
Yibo pov..ဟယ်လိုတောင်ပြီးအောင်မပြောရဘူး ကိုကိုဘာတွေအရေးကြီးနေပါလိမ့်
"မရှိဘူး ကိုကို
ဘာလို့လဲဟင် အိမ်ထဲဝင်လာလေကိုကိုရဲ့"
YOU ARE READING
对不起 [Duìbùqǐ]
Fanfiction"ကိုယ်မှားခဲ့တဲ့ အမှားတွေရှိတာမို့ *သွေ့ပုချိ* ဆိုတဲ့စကားလေးပဲ ပြောပါရစေ" "ကိုကို့ကို အထင်လွဲခဲ့မိတာတွေအတွက် *သွေ့ပုချိ* လို့ပြောပါရစေ" အခုမှစာစရေးတဲ့ အာသာပေါက်စပါ တစ်ဉီးတည်းသော followerလေးအတွက် upပေးလိုက်ပါတယ်😁 ...