Unicode
At YB side..
ရိပေါ်လေး အိမ်ပြန်ရောက်တာနဲ့ အပေါ်ထပ်ကို တန်းပီးပြေးတက်သွားတယ်။အိမ်ပေါ်ရောက်တာနဲ့ လွယ်အိတ်ကိုချွတ်ပီး ခုတင်ပေါ်ဘုန်းခနဲလှဲချလိုက်တယ်။
ခနေနတော့ကျောင်းမှာဖြစ်ခဲ့တာတွေကိုတွေးပြီး ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်ဖြစ်နေတော့တယ်အဲ့စီနီယာဟာလေ လူကိုကျလိကျလိဖြစ်အောင် ပြောတယ် တကယ်ပဲ
ရှောင်ကျန့် ရိပေါ်လေးကို ပြောလိုက်တဲ့စကားကတော့
"ညကျရင် ကိုယ်ဖုန်းဆက်လိုက်မယ် ဖုန်းကိုင်နော် ကလေးလေး"တဲ့"အားး ကလေးလေးတဲ့လား စီနီယာရယ်"
နောက်တော့ ရိပေါ်လည်း သူ့စိတ်ကိုပြန်ထိန်းပြီး ရေးမိုးချိုး အဝတ်အစားလဲလိုက်တယ်။
ညစာစားဖို့ အောက်ဆင်းတော့ပါးကပြန်ရောက်နေပါပီ။"ပါး"
"အော်. သားတောင်ဆင်းလာပြီလား
ခနလေးနော်သား ပါးခုပဲညစာပြင်ပေးမယ်။""ဖြေးဖြေးလုပ်ပါပါးရယ် သားအဆင်ပြေပါတယ်။"
"အေးပါသားရယ်"
"သားလဲပါးကိုကူမယ်"
"ရပါတယ် သားရယ်"
ရိပေါ်လည်းပါးကိုကူလုပ်ပြီး ညစာစားလိုက်တယ်။
စားပြီးတော့ အိမ်ပေါ်တက်လာခဲ့တယ်။At XZ side.
ရှောင်ကျန့်ကတော့ အိမ်ရောက်ရောက်ချင်းပဲ ရိပေါ်ရဲ့ ရှက်နေတဲ့ပုံလေးကို
ပြန်တွေးပီး တဟိဟိနဲ့ ရင်ထဲမှာပွတ်ချိတ်တွေကိုက်နေတယ်။
နောက်တော့မှ အဝတ်အစားမလဲရသေးတာ သတိရပီး ရေချိုးခန်းထဲပြေးပါတော့တယ်။
တခြားတော့မဟုတ်ပါဘူး သူ့မားကိုကြောက်လို့ပါ။
ထင်တဲ့အတိုင်းပဲ ရေချိုးခန်းထဲကအထွက်မှာမားနဲ့တိုးတော့တယ်။"ကျန့်ကျန့်ရေ မင်းရေအခုမှချိုးပြီးတာလား"
"အာ မားဟုတ်တယ် ဟီး"
"နင်ကတော့လေ ရေစောစောချိုးပါဆိုတာကို အေးဒီလိုကြပ်ကြပ်လုပ် သိလား
တစ်ခါတည်းလေဖြတ်နေမယ် ဟွန်း"
(Fic အရပါနော်)"မားနော် ကိုယ့်သားလေးကို ပြောရက်တယ်"
"နင်အချိုးမကျလို့လေ"
YOU ARE READING
对不起 [Duìbùqǐ]
Hayran Kurgu"ကိုယ်မှားခဲ့တဲ့ အမှားတွေရှိတာမို့ *သွေ့ပုချိ* ဆိုတဲ့စကားလေးပဲ ပြောပါရစေ" "ကိုကို့ကို အထင်လွဲခဲ့မိတာတွေအတွက် *သွေ့ပုချိ* လို့ပြောပါရစေ" အခုမှစာစရေးတဲ့ အာသာပေါက်စပါ တစ်ဉီးတည်းသော followerလေးအတွက် upပေးလိုက်ပါတယ်😁 ...