Patr-2

78 5 0
                                    

ရိပေါ်ကတစ်ဉီးတည်းသော မိတဆိုးလေးပါ။ရိပေါ်ရဲ့မားက နှလုံးအားနည်းသူမို့ ရိပေါ်ကိုမွေးပြီးချင်းမှာပဲ ဆုံးသွားရှာတယ် ။ ရိပေါ်တို့ကမချမ်းသာပါဘူး
ဒါပေမယ့်ရိပေါ်ရဲ့ပါးက ရိပေါ်ကိုဆို
လိုလေသေးမရှိအောင်ထားတယ်။
ရိပေါ်ရဲ့ပါးက ဆရာဝန်တစ်ယောက်ပါ
အရမ်းကြိုးစားပြီး သားဖြစ်သူမပင်ပန်းအောင် driverငွားပီး ကျောင်းပို့ကျောင်းကြိုလုပ်ပေးခြင်းပင်။
ရိပေါ်လေးဟာလဲ သူ့ကိုသိပ်အချိန်မပေးနိုင်တဲ့ သူ့ပါးပါးကို အပြစ်မမြင်တဲ့အပြင်
အားကျအတုယူပြီး စာကြိုးစားတယ်။

ဟုတ်ပါတယ်. ရိပေါ်ရဲ့အိမ်မက်က ဆရာဝန်တစ်ယောက် ဖြစ်ချင်တာပါ။
ဒါပေမယ့် သူ့အိမ်မက်ရဲ့ ထူးခြားချက်က
ကျောင်းဆေးခန်းက ဆရာဝန်လေး
ဖြစ်ချင်တာပါ။
ဘာလို့ဆို မားမားက မိန်းကလေးပေမယ့်အားကစားဆို သိပ်သဘောကျတယ်လို့
ပါးပြောဖူးတယ်။ဒါပေမယ့် မားကနှလုံးအားနည်းတော့ သိပ်မလုပ်နိုင််ဘူးတဲ့
အဲ့တုန်းကတော့ ကျောင်းဆေးခန်းတွေမှာ ကျောင်းသားတွေ အားကစားလုပ်ပြီးရင် medical chackတွေ သေချာလုပ်မပေးတော့ မားရဲ့ရောဂါကို ဂရုမစိုက်မိသလို ဖြစ်ခဲ့တာတဲ့။

ဒါ့ကြောင့် ရိပေါ်က အနာဂါတ်လူငယ်တွေကို မားလိုအဖြစ်မျိုး မဖြစ်အောင်
ကျောင်းဆေးခန်းလေးထိုင်ပီး ဆေးကုပေးချင်တာ။

ဟိုတေလာကမွ ရိပေါ်ရဲ့နောက်ကို တိတ်တိတ်လေး လိုက်နေတဲ့ သူတစ်ယောက်ကို သတိထားမိတယ်။
အဲ့လူကို ရိပေါ်သိတာပေါ့။ ရိပေါ်ထက် ၂နှစ်ကြီးတဲ့ စီနီယာ ယုန်ဝတုတ်လေးလေ။"ယုန်ဝတုတ်လေး"ဆိုတာ ရိပေါ်စီနီယာကိုပေးထားတဲ့ nick nameလေးပါ။စီနီယာက ဝပေမယ့် ချောတော့ချောတယ်ဗျ။

ရိပေါ် စီနီယာကို သိတယ္ဆိုတာက စီနီယာကို ကြိတ်crushနေတာကိုး။
အဲ့တာကြောင့် ကိုယ့်နောက်လိုက်နေတာ
သိရက်နဲ့ မသိချင်ယောင်ဆောင်ထားခြင်းပင်။
တစ်ခါတလေတော့လည်း ရိပေါ် စိတ်တိုမိသည်။
သူ့ရဲ့ ကိုကို ဟာလေ နောက်ကနေဘဲ လိုက်နေတော့မှာလား သူ့ရှေ့ကိုရော
မထွက်လာတော့ဘူးလား။

ဒီနေ့တော့ ရိပေါ်ကံကောင်းတာလား
ကံဆိုးတာလားမသိတော့ပါ။
စီနီယာကိုကိုက သူ့ရှေ့ထွက်လာပေမယ့်
သူ့ကိုအားကြီးနဲ့ ဝင်တိုက်တာဆိုတာလေ
နာလိုက္တာလဲ မပြောနဲ့ ထတောင်မထနိုင်ဘူး။

 对不起 [Duìbùqǐ]Where stories live. Discover now