UNICODE
သာမန်ကြောင့်မဟုတ်ပဲဖြစ်တည်လာတဲ့ဒီသန္ဓေသားလေးက သာမန်လူဖြစ်တဲ့ သဲငယ်အတွက် ခက်ခဲလိမ့်မည်...
ကြီးထွားနှုန်းမြန်တာကြောင့် ရက်အနည်းငယ်လောက်ပင် ဗိုက်က လသားအရွယ်ရောက်လာသည်...
ထို့ပြင် အာဟာရအလုံးအလောက်မရရှိတဲ့သဲငယ်က
ကျွန်တော်သွေးနဲ့သာအသက်ဆက်နေရသည်လေ...
ကျွန်တော့်သွေးမို့ သဲငယ်ကမသောက်ချင်...
ငြင်းဆန်နေခဲ့တဲ့သဲငယ်...ကလေးအတွက်အကြောင်းပြမှ
လက်ခံခဲ့သည်...
သွေးပဲသောက်ရသည်ကြောင့်
ကုတင်ပေါ်တွင်သာသဲငယ်လေးလဲနေရှာတော့သည်...
ဗိုက်ထဲကကလေးကြောင့်အပါအ၀င်အာဟာရမရသောကြောင့်လူကပိန်ချုန်းနေပြီ...
လေတိုက်ရင်တောင်လွှင့်တော့မဲ့သဲငယ်...
အမှီရှိမှသာထိုင်နိုင်တော့သည်ကြောင့်
သဲငယ်ကိုကြည့်ရင်း ငိုကြွေးမိသည်...
သဲငယ်ကတော့အခုထိ ကလေးအတွက်တွေးတုန်းပင်...
ကျွန်တော်ငိုတိုင်း အားမရှိတဲ့လက်လေးနဲ့အတူ
ပါးပြင်ပေါ်ကမျက်ရည်ကိုသုတ်ပေးရင်း
ခွန်အားမဲ့စွာပြုံးပြကာ ပြောတတ်သည်က
"Daddy နဲ့ရတဲ့ ရင်သွေးမို့ ကျွန်တော် အနာခံရလည်းတန်ပါတယ်"တဲ့လေ
အဆုံးထိတွေးထားတဲ့သဲငယ်က
တစ်ခါတစ်ရံပြောတတ်သေးသည်...
"DADDY အကယ်၍များ ကျွန်တော်နဲ့ baby လေး
နှစ်ယောက်ထဲက တစ်ယောက်ပဲရွေးရမယ်ဆိုရင်လေ
Baby လေးကိုပဲရွေးပါနော်...လူ့လောကထဲမရောက်သေးတဲ့
Baby လေးကိုသာ ခေါ်ပြလှည့်ပါ" တဲ့...
ရင်နာသည်...
ထိုစကားအမြဲကြားနေရတဲ့ကျွန်တော့်အတွက်
အမြဲသေလူလိုပင်...
မွေးရက်တစ်ဖြည်းဖြည်းနီးလာတာနဲ့အမျှ
ကျွန်တော့်သွေးလည်းမကယ်နိုင်တော့...
မနက်ဖြန်မွေးမည့်ရက်...
ဒါကြောင့်ဒီညကျွန်တော်လှုပ်ရှားရတော့မည်...
ကုတင်ပေါ်အိပ်စက်အနားယူနေတဲ့သဲငယ်...
နဖူးထက်ဝေ့ကျနေတဲ့ဆံသားကိုသပ်တင်ပေးရင်း
ဒီညအတွက်အားဆေးလေးပါအောင် ကျွန်တော်ယူနေမိသည်...
YOU ARE READING
🔞💔 𝔒𝔭𝔭𝔰!!!𝔖𝔢𝔵 𝔍𝔬𝔶 𝔉𝔬𝔯 𝔐𝔶 𝔇𝔞𝔡𝔡𝔶 💔🔞
Fanfictionကိုယ်မင်းကို အဆုံးရှုံးမခံနိုင်ဘူး Wang YiBo I will never lose you . Wang YiBo
