𝔓𝔞𝔯𝔱-16

7.4K 476 26
                                    

UNICODE

"မင်းဒီငွေ့ရည်အတွက်
ငါတောင်းတာပေးရမယ်.."

"မင်းလိုချင်တာဘာလဲ"

"ငါလိုချင်တာ...."

"‌ရီပေါ်..ရီပေါ်..၀မ်ရီပေါ်!!!"

ခေါ်သံကြောင့်
အိပ်မက်ကနေနိုးထလာခဲ့တဲ့ကျွန်တော်...

"ကျန်..ကျန်ချန်း"

"တော်‌ပါသေးရဲ့ကွာ..
ဟာဟေ့ကောင်မထနဲ့လေ..."

အားနည်းနေတာတောင်
ထထိုင်နေတဲ့ရီပေါ်..
ဒီကောင်တစ်ကယ်ပြောမရဆိုမရပါလား...

"သဲ..သဲငယ်ကော.."

မင်းကိုယ်မင်းပြန်စိုးရိမ်ဖို့
အချိန်ရောက်နေပြီရီပေါ်...

"သူအဆင်ပြေပါတယ်..."

"ငါ့...ငါ့သားလေးကော"

ဒါကိုမိဘမေတ္တာလို့ခေါ်ရမလား...

"အင်း..ကလေးလည်းအဆင်ပြေပါတယ်.."

"ဟင်း...ဟ..ဟားဟား"

သက်ပြင်းတစ်ချက်ချရင်း
ရီမောနေ‌တဲ့ရီပေါ်...

ဒီကောင်ရူးများသွားသလား?

"ရီပေါ်..ဒါရီနေရမဲ့အ‌ခြေနေမဟုတ်ဘူးနော်..
မင်းဒီလောက်ဖြစ်..."

"‌ကျန်ချန်း!!!!"

ဆက်မပြောစေရန်
တားလိုက်သော‌လည်း...

"မအော်နဲ့!!!
မင်းငါ့ကိုလာအော်မနေနဲ့..
ဟိတ်ကောင်မင်းအခုဘာဆက်ဖြစ်မလဲသိရဲ့လားဟမ်!!!"

"ငါသိတယ်..
သိတာမို့ကျေးဇူးပြုပြီးမပြောပါနဲ့တော့...
အနည်းဆုံးငါပျော်ပျော်နေချင်သေးတယ်"

"တောက်...
မင်းစောက်ရူးလား!!!
ဟမ်..၀မ်ရီပေါ်!!!
မင်းကိုမေးနေတယ်လေ..
မင်းစောက်ရူးလားလို့.."

"...."

တနေရာကိုတွေတွေလေးငေးနေတဲ့
ရီပေါ်က အရင်ကဘယ်အရာဆို
ချင့်ချင့်ချိန်ချိန်နေခဲ့တဲ့သူကော
ဟုတ်ရဲ့လား?

ငေးနေတဲ့ရီပေါ်ရဲ့
ပုခုံးကိုလှုက်ယက်ရင်း...

"ဟျောင့်
ငါမေးနေတယ်လေကွာ.."

"ဒါဆိုငါဘာလုပ်ရမလဲကွာ!!
ဟမ်!!ငါဒီလမ်းမရွေးရင်...
သဲငယ်နဲ့သားလေး အခုချိန်
ရှိပါ့တော့မလား!!
မင်းသာဆိုလည်းငါ့လို
လုပ်မှာ...ငါမှားလား!!
အသက်နှစ်သက်အတွက်
နောက်ပြီးအဲ့အသက်တွေက
ငါသိပ်ချစ်ပြီးသိပ်တန်ဖိုးထားရတဲ့အသက်...
အဲ့အသက်အတွက် ငါ့ကိုယ်ငါစတေးတာ
ငါမှားလား"

🔞💔 𝔒𝔭𝔭𝔰!!!𝔖𝔢𝔵 𝔍𝔬𝔶 𝔉𝔬𝔯 𝔐𝔶 𝔇𝔞𝔡𝔡𝔶 💔🔞Donde viven las historias. Descúbrelo ahora