𝔓𝔞𝔯𝔱-17

7.7K 469 15
                                    

UNICODE

ရက်ကိုလစား လကိုနှစ်စားနဲ့
အချိန်တွေကုန်လာလိုက်တာ
ဒီနေ့နဲ့ဆို သားလေးကျွန်တော်တို့
ဘ၀ထဲ၀င်လာတာ တစ်လပင်ပြည့်ပြီ။

အရာအားလုံးဟာသူ့နေရာနဲ့သူ
အဆင်‌တစ်ပြေရှိသည်။

သဲငယ်လည်း
သားလေးမွေးပြီးကတည်းက
ကျန်းမားရေး‌အဆင်ပြေလာသည်လေ။

ဒီနေ့သားလေးကိုခေါ်ကာ
တောင်ပေါ်ဒေသကိုသွားလည်မည်နေ့။

တစ်ရက်တစ်ခြား
ပိုပိုအားလျော့လာတဲ့ကျွန်တော်။
ခရီဝေးတွေမသွားပဲ အိမ်မှာသာနေချင်ပေမဲ့
ကျွန်တော့်ကြောင့် သဲငယ်စိတ်ကျဉ်းကျပ်တာမျိုး
မဖြစ်စေချင်။

သွားတော့လည်း
ကျွန်တော့်တွက်ဘာမှဆုံးရှုံးစရာမရှိတာ။

အနည်းဆုံးတော့
ကျွန်တော်ထွက်သွားရင်
ဒီအမှတ်တရတွေကိုပါတစ်ပါတည်း
ယူသွားလို့ရသည်မလား။

"ဒယ်"

"Daddy"

အပြင်ကိုငေးနေလိုက်‌တာ
သဲငယ်လေးပုခုံးတုံ့တော့မှသတိပြန်ရသည်။

"သဲငယ်"

"Daddy
နေမကောင်းဘူးလားဟင်"

ပြောလည်းပြော
နဖူးထက်လက်ရောက်လာတော့သည်။

"ကောင်းပါတယ်သဲငယ်ရဲ့"

"သေချာလား Daddy
ကျွန်တော့်ကိုလိမ်နေတာမလား"

"ကိုယ်ဘယ်တုန်းက
သဲငယ်ကိုလိမ်ဖူးလို့လဲပြောပါဦး။"

| တောင်းပန်ပါတယ်သဲငယ်။
Daddy ရဲ့သဲငယါပေါ်ထားရှိတဲ့
ပထမဆုံးမုသားကိုချိုးဖောက်မိခဲ့ပြီ။

တစ်ကယ်တော့ကျွန်တော်ဒီနေ့
အခြေအနေသိပ်မကောင်းပေ။

ကျေးဇူးပြုပြီး
ဒီနေ့တော့မဖြစ်လိုက်ပါနဲ့။
သားလေးလည်းငယ်သေးတယ်မလား။
သနားငဲ့ညာသောအားဖြင့်
ဒီနေ့တော့မခေါ်ပါနဲ့ဗျာ။ |

| ကျွန်တော်သိတယ်။
Daddy တစ်ခုခုဖြစ်နေတယ်ဆိုတာ။
သားလေးကိုမွေးပြီးတဲ့နေ့ကစပြီး
Daddy တနေ့တခြားပိုပိုအားနည်းလာတယ်။
ညတိုင်းညတိုင်းခိုးသောက်နေတဲ့ဆေးတွေ
အရင်က တော်ရုံနဲ့မလဲတဲ့ Daddy က
အခုကျတော့ ကျွန်တော်လက်နဲ့အသာအယာ
တွန်းထုတ်ရင်တောင်လဲကျနေပြီ။
မေးတော့လည်း စနောက်သည်သာ။
Daddy ဘာတွေဖြစ်နေတာလဲဗျာ။
မျက်၀န်း။အဲ့မျက်၀န်းတွေကျွန်တော်မကြိုက်ဘူး။
Daddy ရဲ့မျက်၀န်းတွေက ခွဲခွာရမဲ့သူတွေလို
ကျွန်တော့်ကိုနှုတ်ဆက်နေသကဲ့သို့။
ကျေးဇူးပြုပြီးမဖုံးကွယ်ပါနဲ့တော့လားဗျာ။ |

🔞💔 𝔒𝔭𝔭𝔰!!!𝔖𝔢𝔵 𝔍𝔬𝔶 𝔉𝔬𝔯 𝔐𝔶 𝔇𝔞𝔡𝔡𝔶 💔🔞Where stories live. Discover now