𝔓𝔞𝔯𝔱-11

9.5K 627 38
                                        

𝔘𝔫𝔦

သဲငယ်နိုးလာရင်စားဖို့ ပြင်ဆင်ပြီးသွားတဲ့အခါ ဒီအတိုင်းမီးဖိုချောင်လေးမှာပဲထိုင်နေမိသည်..

သဲငယ်များကျွန်တော့်ကိုမုန်းသွားမလား..
သဲငယ်များကျွန်တော့်ကို စိတ်နာသွားမလားဆိုတဲ့အတွေးက
ရင်ဘတ်တစ်ခုလုံးကိုနာကျင်စေသည်..

ချစ်တာပေါ့ ကိုယ့်အသွေးသားကို
မြတ်နိုးတာပေါ့ ဒီရတနာလေးကို
သိပ်လိုချင်ခဲ့တာပေါ့ ချစ်ရသူကြောင့်ဖြစ်တည်လာတဲ့ ဒီ သန္ဓေသားလေးကို
သိပ်ပျော်တာပေါ့ ကျွန်တော့်ဘ၀ထဲ၀င်ရောက်လာမဲ့ရင်သွေးလေးကြောင့်..

သို့ပေမဲ့ နားထဲတွင်ကြားနေရသည်က
ကလေးကြောင့် သဲငယ် အသက်အန္တရာယ်ရှိသည်သာ..

ခက်လှသည်..
ကျွန်တော့်အတွက် ဒီရွေးချယ်မှု့ကတကယ်ပင်ခက်လှသည်..

တဖက်က ကျွန်တော်ချစ်မြတ်နိုးရသောသူ..
နောက်တစ်ဖက်က ကျွန်တော့်အသွေးသား..

ဘာလုပ်ရမလဲဗျာ??

သေချာစဥ်းစားပြီးနောက်ရွေးချယ်မှု့က သူသည်သာ..

ကလေးငယ် Daddy တောင်းပန်ပါတယ်..
Daddy က ကလေးအတွက် အဖေလို့တောင်ခေါ်မထိုက်တော့ဘူးနော်..

တောင်းပန်ပါတယ်သဲငယ်..
Daddy တွက် အရာရာက သဲငယ်မို့
ဒီရွေးချယ်မှု့ကို သဲငယ်လက်ခံပေးပါ..

"ရီပေါ်"

တွေတွေလေးထိုင်ကာငေးနေတဲ့ရီပေါ်..
ဘယ်လောက်များခက်ခဲနေလိမ့်မလဲ..

"အော်..ကျန်ချန်း"

အပေါ်ထပ်ကဆင်းလာတဲ့ကျန်ချန်းကြောင့် ကျလုနီးပါးဖြစ်တဲ့ မျက်ရည်စကိုသုတ်ဖယ်လိုက်ရသည်..

"ကျန့်လေးနိုးနေပြီ.."

"ဟုတ်လား"

ရုတ်တရက်ဆိုသလိုထကာ အပေါ်ပြေးတက်ဖို့ပြင်နေတဲ့ရီပေါ်..

"ရီပေါ်"

ကျန်ချန်းခေါ်သံကြား ရပ်တန့်သွားတဲ့​ကျွန်တော့်ခြေလှမ်းနဲ့အတူ နောက်သို့ပြန်လှည့်ကြည့်မိသည်..

🔞💔 𝔒𝔭𝔭𝔰!!!𝔖𝔢𝔵 𝔍𝔬𝔶 𝔉𝔬𝔯 𝔐𝔶 𝔇𝔞𝔡𝔡𝔶 💔🔞Where stories live. Discover now