Unicode
ရာသီတွေလည်းပြောင်း ရွက်ဟောင်းကြွေပြီ ရွက်သစ်ဝေနေတာလည်း အကြိမ်တစ်ရာမကတော့။
လေတစ်ဖြူးဖြူးတိုက်နေတဲ့ညလေးမှာ အိမ်ကြီးထဲ ကောင်ငယ်လေးတစ်ယောက် သူ့ရင်သွေးလေးကိုတစ်ယောက်ထဲပြုစုစောင့်ရှောက်ရင်း တစ်စုံတစ်ယောက်ကိုစောင့်မျှော်ရင်း ရှင်သန်နေခဲ့ရသည်။
ဒီနေ့လသာတဲ့ညလေတွေကလည်းအရင်ညတွေလိုတိုက်ခက်နေတုန်းပင်။
ဒယ်ဒီ...ကျွန်တော် စောင့်နေတယ်နော်။ပြန်လာမယ်မလားဟင်
"ပေပေ..ပေပေ..."
နောက်ကလာတဲ့အသံလေးကြောင့် ကျနေတဲ့မျက်ရည်ကိုပင်သုတ်ဖယ်လိုက်တော့သည်။
"သားသားလေး..."
"ပေပေ"
ထိုင်ချကာ လက်ကမ်းပေးတော့ ရင်ခွင်ထဲပြေး၀င်လာတဲ့သားလေးက အခုဆို ၄နှစ်အရွယ်ရှိပြီ။
အင်း...ဒယ်ဒီထွက်သွားတာလေးနှစ်ကြာခဲ့ပြီပေါ့။
"ပေပေ..ငိုနေတာရားဟင်"
"ဟင်..မငိုပါဘူးသားသားရဲ့။ကဲပြောပါဦး။အခုကောဘာပုံတွေဆွဲနေလဲ"
"ဒီမှာယေပေပေ..."
လက်ထဲကစာရွက်ကိုမြှောက်ပြတော့ကြည့်မိသည်။
လူသုံးယောက်ပါတဲ့ပန်းချီလေး..သေချာသည်က...
"ပေပေရယ်...တယ်တီရယ်..တားတားရယ်လေ...လှယားဟင်"
နေ့တိုင်းမရိုးနိုင်တဲ့ ပုံလေးတွေထဲ ဒယ်ဒီနဲ့ ကျွန်တော်ကနေ့တိုင်းပါသည်။အဖေနှစ်ယောက်စာမေတ္တာတွေပေးပေမဲ့ တကယ်တော့မလုံလောက်တာသားလေးမပြောလည်းသူသိသည်။
ညညတိုင်းပုံဆွဲတိုင်း ကျွန်တော်မသိအောင် ငယ်ငယ်ရွယ်ရွယ်နဲ့ အသံတိတ်ငိုကျွေးတတ်တဲ့သားလေးက ထွက်မပြောပေမဲ့ သူ့ဒယ်ဒီကိုတွေ့ချင်နေရှာသည်။လွမ်းနေရှာသည်။
ငယ်ငယ်ရွယ်ရွယ်နဲ့နားလည်တတ်တဲ့ဒီကလေးက ဒယ်ဒီဘယ်မှာလည်းဆိုတာကို ဘယ်တုန်းကမှမမေးဖူးခဲ့။
"လှတာပေါ့သားရယ်။ဖေ့သားလေးကအရမ်းတော်တာပဲကွာ။လာပါဦး။ဖေဖေကဆုချမှာပေါ့"
YOU ARE READING
🔞💔 𝔒𝔭𝔭𝔰!!!𝔖𝔢𝔵 𝔍𝔬𝔶 𝔉𝔬𝔯 𝔐𝔶 𝔇𝔞𝔡𝔡𝔶 💔🔞
Fanfictionကိုယ်မင်းကို အဆုံးရှုံးမခံနိုင်ဘူး Wang YiBo I will never lose you . Wang YiBo