𝔓𝔞𝔯𝔱 - 15

7.9K 473 33
                                        

UNICODE

ညပိုင်းထွက်ခွာရမည်မို့
တနေကုန် သဲငယ်ဘေးတွင်သာနေသည်

ညရောက်တော့သဲငယ်အားသိပ်ပြီးမှသာ
စတင်လှုပ်ရှားတော့သည်...

"ကျန်ချန်း"

"အာ..ရီပေါ်.."

"ပြင်ထားပြီးပြီလား"

"အင်းငါပြင်ထားပြီးပါပြီ..မင်းတကယ်ပဲတစ်ယောက်ထဲသွားမှာလား"

"အင်း..ငါတစ်ယောက်ထဲသွားမယ်"

"ဒါပေမဲ့..."

"ဖြစ်တယ်..ငါတစ်ယောက်ထဲဖြစ်တယ်
ဒါကြောင့်မလို့ မင်းသဲငယ်ဘေးမှာပဲရှိနေပေးပါ
ငါတောင်းဆိုပါတယ်"

"ဒါမဲ့ငါမင်းကိုစိတ်မချဘူး..."

ကျွန်တော်ပြောတော့ရီပေါ်ကရီသည်...
ပြီးနောက်ကျွန်တော့်ပုခုံးအားဆုပ်ကိုင်ရင်း...

"ဘာစိတ်မချစရာလိုလို့လဲကွာ...
သေရင်သေ..မသေရင်ရှင်ဒါပဲရှိတာကိုကွာ"

"ရီပေါ်!!!မင်းဘယ်လိုပြောလိုက်တာလဲ"

ပြောသာပြောနေပေမဲ့
ရီပေါ်ဘယ်လောက်စိတ်သောကရောက်နေလဲ
သူ့မျက်လုံးမှာပုံရိပ်အထင်းသား...

"ငါလိုက်ခဲ့မယ်"

"မရဘူးကျန်ချန်း!!!
သဲငယ်အတွက် ငါပြီးရင်မင်းက
ဒုတိယအားကိုးရာပဲ..
မင်းပါလိုက်ခဲ့ရင် သဲငယ်..သူ..သူ
အားငယ်နေလိုက်မယ်"

"..."

"ငါတောင်းဆိုပါတယ်ကွာ"

ကျန်ချန်းကတော့စိတ်ဆိုးသွားသည်ထင်..
‌ကျွန်တော့်ကိုကျောခိုင်းကာထွက်သွားတော့သည်...

"ဦးလေး..သဲငယ်ကို
ဂရုစိုက်ပေးပါ.."

"အေးပါကွာ..မင်းလည်းဂရိုစိုက်ရမယ်နော်"

ထိုစကားကို အပြုံးလေးနဲ့သာတုံ့ပြန်မိသည်...

တိတ်တဆိတ်၀င်လာခဲ့ရတဲ့လမ်းတစ်လျှောက်
Lucifer တွေ ကြီးသာ..

မနည်းအောက်အီးပြီး
အိမ်ထဲသို့သာ၀င်ရန်လမ်းစရှာခဲ့ရသည်...

ရဲတိုက်လိုဖြစ်နေတဲ့အိမ်ကြောင့်
အပေါ်သို့မနည်းတက်ရဦးပေမည်..

🔞💔 𝔒𝔭𝔭𝔰!!!𝔖𝔢𝔵 𝔍𝔬𝔶 𝔉𝔬𝔯 𝔐𝔶 𝔇𝔞𝔡𝔡𝔶 💔🔞Nơi câu chuyện tồn tại. Hãy khám phá bây giờ