Unicode
ရှောင်ကျန့် သက်ပြင်းကြီးတစ်ချက်ချလိုက်ပြီး ဖေအန့်ဇနီးဖြစ်သူကိုထပ်မေးလိုက်သည်။
"ဖေသခင်မ ကိုဒီမန္တာန်ပေးခဲ့တဲ့ လူကရော"
ဖေအန့်ဇနီးကခေါင်းခါလိုက်ပြီး
"မသိပါဘူး သူနဲ့ကျွန်မကြားမှာလိုက်ကာခြားထားပါတယ် အသံကတော့ ယောင်္ကျားတစ်ယောက်အသံပါပဲ"
"ဖေသခင်မ ကိုယ်ဝန်က ခုမှစတည်စပါ အိမ်မက်ခဲ့တာဘယ်လောက်ကြာပြီလဲသိပါရစေ "
"အိမ်မက်က တစ်လလောက်ကြာပါပြီ အဲ့အိမ်မက်မက်အပြီးသမားတော်တွေနဲ့စမ်းသပ်ခဲ့ပေမဲ့ ဘာမှမထူးခြားခဲ့ပါဘူး ကျွန်မယောင်္ကျားဆုံးကာမှ ဒီကိစ္စကဖြစ်လာတာပါ"
ဖေသခင်မသည် စိတ်ငြိမ်လာပုံတော့ပေါက်သည်။စောစောကလို ယောင်္ကျားအကြောင်းပြောလျှင်မငိုတော့ပဲ စကားကိုတည်တည်ငြိမ်ငြိမ်နှင့်ပြောလာသည်။
"ဖေသခင်မ စိတ်မကောင်းပေမဲ့ ဒီကိုယ်ဝန်ကိုဖျက်ချပစ်မှရပါမယ်"
"ရှင်!" ဖေသခင်မသည်အလွန်ပင်ထိတ်လန့်သွားဟန်ပေါက်သည်။မတတ်နိုင်ပါ။ဤသန္ဓေသားကို ဆက်ကြီးထွားခွင့်ပေးလိုက်လျှင်တချိန်ချိန်မှာအန္တရာယ်ရှိလာနိုင်သည်။မဟုတ်ဘူး ရှိကိုရှိလာမှာ။ဒါကမိစ္ဆာတစ်ဝက်လူတစ်ဝက်မို့ ပြဿနာအကြီးကြီးရှိလာနိုင်သည်။
" ဒါဆို ကျွန်မ ယောကျာ်းက ကျွန်မပယောဂကြောင့်သေသွားရတာလား ပြောပါအုံးဆရာလေးရယ် "
ဖေသခင်မသည် ထပ်၍သည်းထန်စွာငိုတော့သည်။စိတ်မကောင်းပေမဲ့လည်းသေသူကလည်းသေပြီ။အကုန်ဖြစ် ပြီးမှတော့ ဘာမှလုပ်၍မရတော့ပေ။
ဖေသခင်မ ဆီမှသိချင်တာအကုန်သိပြီးပြီမို့ ရှောင်ကျန့်တို့ပြန်ထွက်လာခဲ့ကြသည်။သဘာဝကိုလွန်ဆန်ခြင်းသည် နောက်ဆုံးဝမ်းနည်းမှုဖြင့်သာအဆုံးသတ်သွားရသည်။တစ်ခုလိုချင်ရင်တစ်ခုတော့ပေးဆပ်ရမှာပဲ။ဒါပေမဲ့အခုကတော့ ဖေသခင်မသည်အကုန်ဆုံးရှုံးသွားခဲ့သည်။ကိုယ်ဝန်အတွက်တော့ ဖေသခင်မကတွန့်ဆုတ်နေသေးသော်လည်း ရှောင်ကျန့်၏ဖျောင်းဖျမှုကြောင့် ဖျက်ချရန် သဘောတူခဲ့လေသည်။
YOU ARE READING
ကံကြမ္မာစေရာ(ကံၾကမၼာေစရာ)