အပိုင်း၃

314 29 2
                                    

unicode

ရှောင်ကျန့်သူ့ရှေ့ရှိနတ်မင်းများကိုကြည့်မိပြီးနှာခေါင်းရှုံ့မိသည်။ယခုလက်ရှိအခြေအနေမှာ ဧကရာဇ်၏တစ်ချက်လွတ်အမိန့်ကြောင့် ကျောက်စိမ်းခန်းမ အစည်းအဝေးတွင်ရောက်ရှိနေခြင်းဖြစ်သည်။ကျန်နတ်မင်းများသည်သူ့အားကြည့်ရင်းတိုးတိုးတစ်မျိုးကျယ်ကျယ်တစ်မျိုးပြောနေကြသည်။ဤကဲ့သို့ဖြစ်နေကြမို့ ရှောင်ကျန့်အတွက် မထူးဆန်းတော့။ခုံလက်တန်းပေါ်တံတောင်ဖြင့်ထောက်ထားပြီးခေါင်းကိုထိုလက်ပေါ်မှီထားကာပျင်းတိပျင်းရွဲထိုင်နေသော ရှောင်ကျန့်သည်တော်တော်နှင့်ရောက်မလာသောဧကရာဇ်ကြောင့်အတော့်အတော်ပျင်းနေပြီဖြစ်ပြီးမေတ္တာတွေလည်းတသီတတန်းကြီးပို့နေပြီဖြစ်၏။တစ်ချက်သမ်းလိုက်ရင်း ခဏနေမှမလာရင်ပြန်တော့မည်ဟုစဥ်းစားလိုက်ကာမှ ခန်းမတံခါးပွင့်လာပြီးဧကရာဇ်တစ်ယောက်ရေးကြီးသုတ်ပြာဖြင့်ဝင်လာသည်။

"နောက်ကျသွားလို့တောင်းပန်တယ် စလို့ရပြီ"

"ဧကရာဇ်  တောင်ပိုင်းဘက်မှာ....."

ရှိသမျှပြဿနာတွေအကုန်ဖြေရှင်းပေးနေရသောဧကရာဇ်ကိုကြည့်ပြီး ရှောင်ကျန့်ခေါင်းပင်ကိုက်လာသည်။ကောင်းကင်ဘုံဧကရာဇ်ဖြစ်ရတာမလွယ်ဘူးပဲ။ရှောင်ကျန့် ခေါင်းလေးကိုခါရမ်းလိုက်ရင်းဧကရာဇ်အားသနားသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။ထိုအချိန်မှာပဲ ဧကရာဇ်သည် သူ့ဘက်လှည့်လာသောကြောင့် ရှောင်ကျန့်လန့်သွားမိသည်။ဧကရာဇ်မမြင်ပါစေနဲ့ဟုဆုတောင်းလိုက်သော်လည်းသူ့အကြည့်ကိုမြင်လိုက်ပုံပေါက်သည်။

"ရှောင်ကျန့် မင်းမှာပြောစရာတစ်ခုခုရှိလား"

အကုန်လုံး၏အာရုံမှာသူ့ဆီရောက်လာပြီး အပ်ကျသံကြားရအောင်ပင်တိတ်ဆိတ်သွားသည်။ရှောင်ကျန့်ခေါင်းကိုက်သွားရသည်။ဒီဘိုးတော်ကတော့....

"မရှိပါဘူး မရှိပါဘူး ဆက်ပြောကြပါ ဆက်ပြောကြပါ "

"မဟုတ်တာပဲ  မင်းရဲ့အမြင်ကို ငါကိုယ်တော်သိချင်တယ် "

အဲ့မှပြဿနာစတာပဲ။ ဘာကိစ္စပြောနေမှန်းတောင်ရှောင်ကျန့်ဂဂဏဏပင်မသိချေ။သူ့ကိုဒီဘိုးတော်တမင်သက်သက်လုပ်တာပဲ။

ကံကြမ္မာစေရာ(ကံၾကမၼာေစရာ)Where stories live. Discover now