အပိုင်း၂

396 31 1
                                    

Unicode

လျှို့ဟိုက်ခွမ်းတစ်ယောက် သူ့နတ်နန်းဆောင်တွင်ထိုင်မရထမရဖြစ်နေသည်။အကြောင်းမှာ တောင်ပိုင်းအရှင် ရှောင်ကျန့်ကြောင့်ပင်။ခေါ်ခိုင်းထားသည်မှာကြာလှပြီ ခုထိမရောက်လာသေးသောကြောင့် စိတ်မအေးဖြစ်နေရသည်။

"အရှင် တောင်ပိုင်းအရှင် ရောက်လာပါပြီ"

"ဝင်လာခိုင်းလိုက်"

နန်းဆောင်တံခါးပွင့်သွားပြီးနောက် အနီရောင်ဝတ်စုံဝတ်ထားသော ကောင်လေးတစ်ယောက်ပေါ်လာသည်။ထိုကောင်လေးသည်ရှည်လျားနက်မှောင်နေသောဆံပင်ကိုတစ်ဝက်ချတစ်ဝက်စည်းထားပြီး သူ့လက်တွင်လည်း လက်စွဲတော် အားလီ အားကိုင်လာသည်။အားလီဆိုသည်မှာ တောင်ပိုင်းအရှင်၏နာမည်ကျော်လက်နက်ဖြစ်သည်။သူသည်တုတ်ချောင်းအသွင်ရှိပြီး လက်သုံးလုံးခန့်လုံးပတ်ရှိသည်။ထိုတုတ်မှာကြိုးအဖြစ်လည်းသုံး၍ရသောကြောင့် တောင်ပိုင်းအရှင်အလွန်နှစ်သက်သောလက်နက်လည်းဖြစ်သည်။

"ရှောင်ကျန့် အခုဘာကိစ္စနဲ့ခေါ်လိုက်လည်းသိလား"

"ဘာကိစ္စပါလဲ ဟိုဘိုးတော်တွေတိုင် ထားတဲ့အကြောင်းဆိုရင်တော့မပြောနဲ့တော့ တောင်းပန်ဖို့စိတ်ကူးမရှိဘူး"

"အဲ့တာတော့မဟုတ်ဘူး ခုပြောမှာကမင်းလူ့ပြည်ဆင်းတဲ့ကိစ္စ  မင်းလူ့ပြည်ဆင်းတာအကြောင်းမဟုတ်ဘူးကောင်းကင်ဘုံအစည်းအဝေးလုပ်တာအချိန်တိုင်းလိိုလိုမင်းကမရှိတော့ တခြားနတ်ဘုရားတွေအမြင်မှာ မင်းကတာဝန်မသိတဲ့စည်းကမ်းမလိုက်နာတဲ့နတ်ဘုရားတစ်ယောက်ဖြစ်နေတယ်  တစ်ခါတစ်လေမှာမလုပ်ချင်တာကိုလည်းတာဝန်အရလုပ်ရတာမျိုးရှိတယ် ရှောင်ကျန့် ငါမင်းကိုဒီ့ထက်ပိုပြီးတခြားနတ်ဘုရားတွေအကြားထဲမှာ ပြောစရာမဖြစ်စေချင်တော့ဘူး"

"အဟက်  ကျွန်တော်ကောင်းတာလုပ်လဲ ဘယ်လိုပြုမူကြလည်းဆိုတာ ဧကရာဇ်မသိဘူးမပြောနဲ့ သူတို့ကျွန်တော့်ကိုဆိုးတယ်ထင်တယ်မလား အဲ့တော့ဆက်ထင်ပါလေ့စေ မှန်တာကောင်းတာလုပ်နေပေမဲ့ဆိုးတယ်ပြောခံရ တာထက်ဆိုးတာလုပ်နေလို့ဆိုးတယ်အထင်ခံရတာကကောင်းသေးတယ်"

ကံကြမ္မာစေရာ(ကံၾကမၼာေစရာ)Tempat cerita menjadi hidup. Temukan sekarang