Unicode
ခုနှစ်ရက်မြောက်နေ့ ၌
ရှောင်ကျန့်တစ်ယောက် ခုရက်အတွင်းအတော်ပင်ပျင်းနေသည်။မိမိသူငယ်ချင်းဖြစ်သူသည်လည်း နတ်ပြည်သို့သတင်းသွားပို့သည်မှာ အရိပ်ပင်မမြင်ရတော့။ယွီပင်းသည်လည်းထိုနည်းတူစွာပင်။စာမလာသတင်းမကြားနှစ်ယောက် ကို စိတ်ထဲ၌အကြိမ်ကြိမ် ကျိန်ဆဲနေသည်မှာ ကုဋေပင်ချီနေပြီထင်။
ရေခဲတုံးလို ဘာမျှမပြော ရုပ်တည်ကြီးနှင့်သာနေနေသောလူတစ်ယောက်နှင့် တစ်ရက်လောက်သာစမ်းနေကြည့်ပါက ရှောင်ကျန့်၏ခံစားချက်ကိုသဘောပေါက်သွားလိမ့်မည်။ငါလေးကို ပျင်းရိခြင်း ကနေကယ်တင်ပေးကြပါအုံးလို့။
ပျင်းရိခြင်းကနေ ရုန်းထွက်နိုင်အောင် ရှောင်ကျန့်လုပ်သည့်အရာမှာတော့ ရိပေါဆိုသူအားလိုက်ကြည့်နေခြင်းပေ။အနှီ ဝမ်ရိပေါဆိုသောသူသည် ထူးဆန်း၏။အလွန်လည်းစိတ်ဝင်စားဖို့ကောင်း၏။တစ်စုံတစ်ခုကိုဖုံးကွယ်ထားသောခံစားချက်အပြင် ထိုသူသည်အလွန်ပင် လှို့ဝှက်လွန်းသည်။ရှောင်ကျန့်စိတ်ဝင်စားသည်မှာလည်းဤသည်သာဖြစ်၏။ထိုသူက လှို့ဝှက်လေ ရှောင်ကျန့်ကပို၍စိတ်ဝင်စားလေဖြစ်ပြီး ထိုသူကမသိစေချင်လေ သူကပိုသိချင်လေပင်။
ရှောင်ကျန့်သည် လူအကဲခတ်တော်သည့်ထဲတွင်ပါသည်။သို့ရာတွင် ထိုလူကိုတော့ မည်သို့မျှမခန့်မှန်းနိုင်ချေ။လူတစ်ယောက်၏စိတ်တံခါးသည်မျက်လုံးပင်ဖြစ်၏။သို့သော်အနှီလူ ၏မျက်လုံးများကိုကြည့်မိပါက မိမိသာလျှင် အသူရာချောက်ထဲသို့ကျနေသောခံစားချက်ကိုသာ ရရှိပေလိမ့်မည်။
မဲမှောင်နေသည်။နက်ရှိုင်းလွန်း၍မည်မျှ နက်မှန်းမသိရသည့်ရေတွင်းတစ်ခုကိုကြည့်နေရသကဲ့သို့ နက်မှောင်လွန်းသည်။လောကဓံကို ဖြတ်ကျော်ဖူးသော ၊ဒုက္ခဆင်းရဲကိုကြုံတွေ့ဖူးသောလူတစ်ယောက်နှယ်။မည်သည့်သမိုင်းကြောင်း မည်သည့်မွေးစာရင်းပင်မရှိသောသူ၊ကောင်းကင်ဘုံမှ နှစ်ပေါင်းများစွာကြာအောင် ပျောက်သွားသော ဝူမင်ကြိုးကိုကိုင်ဆောင်ထားသောသူ။
ရှောင်ကျန့်အကဲခတ်နေရင်း သတိထားမိသည့်အရာရှိသေးသည်။ထိုသူသည် ထင်သလောက်သဘောထားမဆိုးပေ။ဥပမာ...ရှောင်ကျန့် ညဘက်အိပ်ချိန်စောင်မခြုံထားသော်လည်း မနက်ဆိုလျှင် စောင်ခြုံထားတာမျိုး၊ရှောင်ကျန့်သတိလက်လွတ်ညည်းညူတတ်သော မုန့်များကိုဝယ်လာတာမျိုး၊ချိုးရေကိုကြိုပြင်ခိုင်းထားတာမျိုး။
ရေခဲတုံးက လူတစ်ယောက်ကိုထိုသို့စဥ်းစားပေးတတ်မည်ဟု စိတ်ကူးထဲပင်မထည့်ထားဖူးပေ။ဒါမှမဟုတ် ငါကမိန်းကလေးအဖြစ် ပြောင်းထားလို့ မိန်းကလေးအပေါ်ညှာတာထောက်ထားတတ်တဲ့ယောင်္ကျားကောင်းလိုပြုမူနေတာများလား။
YOU ARE READING
ကံကြမ္မာစေရာ(ကံၾကမၼာေစရာ)