အပိုင်း၄

261 25 0
                                    

Unicode

စုန်ကျိရန်နှင့်ရှောင်ကျန့်တို့သည် ရီမြို့သချိုင်းများရှိရာဘက်သို့ထွက်လာခဲ့ကြသည်။ထိုနေရာသည်ချုံနွယ်များထူထပ်နေပြီးပိုးမွှားများကလည်းများသေးသည်။မြွေပါးကင်းပါးကလည်းရှိသေးသည်။နတ်ဘုရားများဖြစ်သောသူတို့အတွက်မည်သည့်အန္တရာယ်မှမရှိသော်လည်း စိတ်အနှောင့်အယှက်တော့ဖြစ်စေသည်။

"ရှောင်ကျန့် လူခွဲရအောင် ငါကရေကန်ဘက်သွားမယ် မင်းက သချိုင်းဘက်ကိုသွား တစ်ခုခုဖြစ်ခဲ့ရင် ဒါကိုပစ်ဖောက်လိုက်"

ရှောင်ကျန့်လက်ကိုခါလိုက်ကာ

"မလိုဘူး မင်းယူထား"

ကျိရန်ကရှောင်ကျန့်ဆီသို့ထိုးပေးလိုက်ပြီး

"ယူထား ငါ့ဆီမှာတစ်ခုရှိတယ် လိုရမယ်ရပေါ့"

ထို့နောက် စုန်ကျိရန်မှာချက်ချင်းရေကန်ဘက်သို့ပြေးထွက်သွားသည်။မီးရှုးတုတ်ပြန်ပေးရန်လုပ်နေသော ရှောင်ကျန့်မှာလည်းလက်လျှော့လိုက်ပြီးသချိုင်းအုတ်ဂူများရှိရာသို့ထွက်လာခဲ့သည်။

လူအရောက်အပေါက်နည်းသော        သချိုင်းဟောင်းများ တွင်ချုံနွယ်များထူထပ်နေသည်။လက်ရှိသချိုင်းများရှိရာတွင်ချုံများအမှိုက်များသန့်ရှင်းနေပြီးသစ်ရိပ်ဝါးရိပ်ဖြင့်အေးချမ်းနေသော်လည်း  ရှောင်ကျန့်သိပ်သဘောမကျပေ။ခံစားချက်က လေးလံနေသည်။အုတ်ဂူတချို့အနားရှောင်ကျန့် လိုက်ကြည့်လိုက်ပြီး တချို့ ဂူများကိုခေါက်ကြည့်လိုက်သေးသည်။ရီမြို့သည် ချမ်းသာသောလူကုန်ထံများ များသောကြောင့် အုတ်ဂူများမှာကြီးမားပြီးလက်ရာအတော်မြောက်လှသည်။
အတော်ကြာစောင့်ကြည့်နေသော်လည်း ဘာမှမထူးခြားပေ။ကျိရန်လည်းငြိမ်နေပုံထောက်တော့ သူလည်း ကိစ္စမထူးပုံပေါ်သည်။လှည့်ပြန်ရန်ကြံစဥ်မှာပင် အနောက်ဘက်မှသစ်ကိုင်းကျိုးသံအားကြားလိုက်ရသည်။

"ဘယ်သူလဲ"

ရှောင်ကျန့်လှည့်ကြည့်လိုက်သော်လည်းဘယ်သူမှမရှိပေ။

"ဘယ်သူလဲ ထွက်လာခဲ့"

ရှောင်ကျန့်ထပ်အော်လိုက်သည်။ခန္ဓာကိုယ်ကို တိုက်ခိုက်ရန်အသင့်ပြင်ထားကာ ပတ်ဝန်းကျင်တစ်လျှောက်လှည့်ကြည့် နေသော်လည်း ဘာသံမှမကြားတော့။ရှောင်ကျန့်စိတ်ထဲထင့်နေသော်လည်း ဘာမှမရှိသည်မို့စိတ်လျှော့ကာကျိရန်နှင့်လမ်းခွဲခဲ့သည့်နေရာအားပြန်လာလိုက်သည်။သူရောက်တော့ ကျိရန်ကကြို၍ပင်ရောက်နေပြီ။

ကံကြမ္မာစေရာ(ကံၾကမၼာေစရာ)Onde histórias criam vida. Descubra agora